8

1.5K 219 0
                                    

မနက်စောစောအချိန်တွင် ဆင်ခြေဖုံးရပ်ကွက်ရှိ လမ်းမပေါ်တွင် ယာဉ်အစီးရေ အနည်းငယ်လောက်သာ ဖြတ်သန်းသွားလာနေ၏ ။

ဆောင်းဦးနှောင်ပိုင်း တိတ်ဆိတ်သောညတွင် ကားအတွင်းရှိ ရေဒီယိုထံမှ အမျိုးသမီးတစ်ဦး၏ အသံနိမ့်နိမ့်ဖြင့် ခံစားချက်အပြည့်နှင့်ဆိုနေသော အသံတို့ပျံ့လွင့်နေ၏ ။

"ယန်ရန် ကျေးဇူးပြုပြီး ကိုယ့်ကိုလမ်းပြဖို့ ကူညီပေးပါလား"

ကုစစ်ရယ်၏အသံက တိတ်ဆိတ်မှုကို ချိုးဖျက်သွားသည်။

"ရှေ့နားမှာ လမ်းဆောက်လုပ်နေတော့ တခြားနေရာကနေ ကွေ့သွားမှပဲရမှာ"

ခပ်လျှိုလျှိုဇိမ်ခံကားလေးထဲတွင် စပါးလင်အနံ့ခပ်သင်းသင်းလေး ပျံ့လွင့်နေပြီး ပြတင်းပေါက်အပြင်ဘက်ရှိ လှပသောမြစ်ရှုခင်းကိုငေးကြည့်ကာ လိုက်ပါလာသော လင်းယန်ရန်သည် ထိုစကားကိုကြားသည့်အခါ ခေါင်းလှည့်၍ ကားကိုအရှိန်ဖြင့်မောင်းနှင်နေသော ကုစစ်ရယ်ကို လှမ်းကြည့်လိုက်သည်။

တစ်ဖက်လူက သူ့အိတ်ကပ်ထဲမှဆဲလ်ဖုန်းကို ထုတ်ယူတော့မှာကို မြင်တော့ လင်းယန်ရန် အလျင်အမြန် တားဆီးလိုက်သည်။

"မင်းလိုအပ်ရင် ကျွန်တော့်ဖုန်းကို ယူသုံးလို့ရတယ်လေ"

တစ်ဖက်လူက နားလည်မှုလွဲမှာကြောက်လို့ လင်းယန်ရန် ထပ်မံရှင်းပြလိုက်သည်။

"မင်းရဲ့မိုဘိုင်းလ်ဖုန်းကို လော့ခ်ဖွင့်ရဦးမှာဆို‌တော့ ကားမောင်းနေရင်းနဲ့ဆို ဖွင့်ဖို့ အဆင်မပြေဘူးလေ"

ကုစစ်ရယ် ပြုံး၍ "ကောင်းပြီ"

လင်းယန်ရန် ဖုန်းကို အမြန်ဖွင့်လိုက်ပြီး လမ်းကြောင်းပြဆော့ဝဲလ်ကို စတင် ရှာဖွေခဲ့သည်။

ဒီမိုဘိုင်းလ်ဖုန်းက သူနဲ့မသက်ဆိုင်တဲ့အတွက် အခုချိန်ထိ သူ ကျွမ်းကျွမ်းကျင်ကျင် မသုံးတတ်သေးပေ။

လင်းယန်ရန် ထိုဆော့ဝဲလ်ကိုရှာတွေ့ဖို့

အချိန်ဆယ်စက္ကန့်နီးပါး သုံးလိုက်ရသည်။

လမ်းပြ‌ဆော့ဝဲလ်ထဲတွင် သူ၏အိမ်လိပ်စာကို အမြန်ထည့်သွင်းပြီးနောက် လင်းယန်ရန်သည် သူ၏လက်ကိုင်ဖုန်းကို ကုစစ်ရယ်၏ညာဘက်ရှေ့ဘုတ်ခုံ‌ပေါ်တွင် တင်ထားခဲ့သည်။

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက် ရေပန်းစားလာခဲ့တယ် BLWhere stories live. Discover now