(အပိုင်း2)

17.4K 274 15
                                    

♡ဖူးစာ၏လှည့်ကွက်♡

(အပိုင်း2)

"ဟာ... သွားပြီ"

ဆိုတဲ့အသံနဲ့အတူ "လင်းညို့ရှင်"တို့စီးလာတဲ့ကားကမိန်းကလေးငယ်တစ်ယောက်ကိုဝင်တိုက်မိဝါးသည်။

"ထွန်းခင်...ဆင်းကွာ ဆင်းကြည့်စမ်း သေကုန်ပြီလားမသိဘူး"

"ဟာ ဆရာကလည်း ဖွ ဖွ လွှဲပါစေ ချော်ပါစေဗျာ လူ့ကိုငရဲတွင်းထဲအရောက်ကိုပို့နေတော့တာပဲ "

"ရှည်မနေနဲ့ အမြန်ဆင်း ဟိုကသေနေမှ အမှုပတ်နေမယ် အရေးကြီးနေပါတယ်ဆို ဇယားကလာရူတ်ပြီ"

လင်းညို့စိတ်ရူတ်ရူတ်နဲ့ပင်ညည်းညူးမိသည်။
ထွန်းခင်ကအောက်ကိုအပြေးလေးဆင်းလာခဲ့ကာ...

"ဟာ...ဆရာ  မိန်းကလေးရီးဗျ"

"သေပြီလား"

"ဟာ...ဘယ်နှယ့် ဇွတ်သေခိုင်းနေရတာလဲ"

"ကျွန်တော်ကိုအမှုပိုကြီးအောင်လုပ်နေတယ်"

"ဘယ်..လို .... ဘယ်လိုဆက်လုပ်ရမလဲ ဆရာ"

"ဘယ်လိုမှလုပ်မနေနဲ့ ငါတို့ကလည်း အရေးကြီးသလို သူလည်းအရေးကြီးတာပဲ ကားပေါ်သာခေါ်တက်ခဲ့တော့ လန့်ပြီးမေ့သွားတာပဲဖြစ်မယ် ဟိုရောက်မှ သူ့အကြောင်းမေးကြည့်ပြီ အိမ်ပြန်လွှတ်လိုက်မယ်"

"တင်လိုက်တော့ ကားပေါ် "

"ဟီးး ဟီးး ကျွန်တော် တစ်ယောက်တည်းတော့မချီနိုင်ဘူးဗျ ဆရာလာချီမှရမယ်"

"ကျစ် မင်းတော့ငါ့လုပ်ရင် အရိုးတောင်ကျန်မှာမဟုတ်တော့ဘူး ဖယ်!"

ဆိုပြီးကားပေါ်ကို သူချီတင်လိုက်ကာ သူတို့ကားလေးက မော်လမြိုင်ကိုဦးတည်ပြီး မောင်းလာခဲ့၏။

********************************************
တဖက်တွင်တော့ လဝန်းသော်တာ တို့အတွဲသည် "ငပလီ"သို့ဟန်းနီးမွန်းထွက်ခဲ့တော့သည်။

"ကိုယ် လဝန်းတို့ကိုမေမေတို့ကခွင့်လွှတ်ပါ့မလား

ခုဆို မေမေတို့ကသိပြီးလိုက်ရှာနေလောက်ပြီ

ဘယ်လိုလုပ်ကြမလဲဟင်"

''စိတ်မပူပါနဲ့ လဝန်းရယ် ကိုယ်က ကလေကချေကောင်မှမဟုတ်ပဲလဝန်းနဲ့ပေးစားမယ့်လူကြီးထက်တော့သာပါသေးတယ် လဝန်းရယ်"

ဖူးစာ၏လှည့်ကွက်  (Completed)Where stories live. Discover now