♡ဖူးစာ၏လှည့်ကွက်♡
(အပိုင်း21)
အနမ်းအိမ်ရှေ့ခန်းထဲမှာTvထိုင်ကြည့်နေပေမဲ့ စိတ်တွေကတစ်ယောက်သောသူဆီသို့သာရောက်နေလေသည်။
ဟူး~~~
သက်ပြင်းရှည်ကြီးတစ်ခုကိုအနမ်းချလိုက်မိသည်။
''ဘာတွေသက်ပြင်းချနေတာလဲ ကိုယ့်ညီမက''
လင်းညို့ကောက်လာပြီ အနားကခုံတစ်လုံးတွင်ကောက်ထိုက်လိုက်သည်။
''ဘာမဟုတ်ပါဘူး ဒီတိုင်းပါပဲ''
''ဟုတ်လို့လား ကြည့်ရတာရည်းစားပူမိနေပြီထင်တယ်နော်''
''ဟာ အစ်ကိုကလည်း မဟုတ်ပါဘူးဆို ''
''ဇိုးကပြန်လာမှာဘာ''
''ရှင်''
လင်းညို့ဆီကထွက်လာတဲ့စကားကြောင့် အနမ်းအစ်ကို့ဖြစ်သူမျက်နှာကိုမယုံနိုင်စွာကြည့်နေမိသည်။
''အစ်ကိုတို့ကဘယ်တုန်းကအဲ့လောက်ရင်းနှီးသွားတာလဲ''
''ဒီလိုပါပဲ ပြောရင်းဆိုရင်းပေါ့ ကဲ အစ်ကိုသွားမယ် မီးငယ်ကိုအမေ့ဆီသွားပို့ရအုံးမယ်''
''ဟင် ဘာလို့လဲ ဒီမှာထားလဲရနေတာပဲကို''
''ဟိုမှာဆို မီးငယ်နေရတာပိုအဆင်ပြေမလားလို့ဘာ နွေဦးမရှိတော့ မီးငယ်ကအရင်လိုမဟုတ်တော့ဘူးလေ... ''
''အစ်ကိုကရောမမနွေကိုပြန်မခေါ်တော့ဘူးလား...?''
''ပြန်ခေါ်မှာပါ အချိန်တစ်ခုကိုစောင့်ပြီးရင်ပေါ့..''
''ဟင် တစ်ကယ်လား မမနွေကိုတစ်ကယ်ပြန်ခေါ်မှာလား''
''အင်း''
လင်းညို့အနည်းငယ်မျှပြုံးကာ နေရာမှထထွက်သွားလိုက်သည်။
အခြေအနေတွေကဘယ်ထိရူတ်သွားမလဲဆိုတာ သူ့ခန့်မှန်းလို့တောင်မရဘာ။
လင်းညို့အိမ်အပေါ်ကိုပြန်တက်လာပြီး ကလေးအခန်းထဲဝင်ခဲ့လိုက်သည်။
အိပ်ယာပေါ်မှာအိပ်မောကျနေတဲ့သမီးဆီ ဖြေးဖြေးလေးလျှောက်လာရင်း နဖူးပေါ်ကဆံပင်စလေးတွေကိုဖယ်ကာ ကြင်နာစွာနမ်းရှိုက်လိုက်မိသည်။
YOU ARE READING
ဖူးစာ၏လှည့်ကွက် (Completed)
Romanceအစ်မဖြစ်သူကိုမိဘတွေမှ အိမ်ထောင်ချပေးကာ၊အစ်မဖြစ်သူကမယူပဲချစ်သူနောက်ခိုးရာလိုက်ပြေးသွားတော့၊ ကျန်ခဲ့တဲ့သူနဲ့ပေးစားမှာကြောက်လို့ အိမ်မှထွက်ပြေးလာခဲ့ရာ...အမှတ်မထင် ကားတစ်စီးနဲ့တိုက်မိပြီး...ထိုသူရဲ့အိမ်တွင်အလုပ်လုပ်ဖို့အကြောင်းဖန်လာခဲ့သည်။