♡ဖူးစာ၏လှည့်ကွက်♡
(အပိုင်း22)
အနမ်းတစ်နေကုန်ဘာမှမစားနိုင်ပဲ ရင်ခံနေသည်။
ဗိုက်ထဲမှာလည်းတစ်မျိုးကြီးဖြစ်နေပြီ နေမထိထိုင်မသာဖြစ်နေကာ အနမ်းအလိုလိုနေရင်းဝမ်းနည်းလာ၏။ဗိုက်ကဆာလာပြန်တာကြောင့် မီးဖိုချောင်ထဲဝင်ကာနွားနို့နဲ့မုန့်စားဖို့ပြင်လိုက်သည်။
နွားနို့ကိုကြိုဖို့အိုးထဲလောင်းထည့်နေချိန်မှာပဲ နွားနို့အနံက အနမ်းရဲ့နှာခေါင်းထဲတိုးဝင်လာပြီး လူကရုတ်တစ်ရက်ထအန်ချင်လာမိသည်။
အနားကရေဘေစင်တစ်ခုဆီသွားပြီး
''ဝေါ့ အော့ အဟွတ် ဝေါ့ အဟွတ်အဟွတ်''
အနမ်းထအန်လိုက်မိကာ၊ သို့ပေမဲ့လေတွေသာအန်နေမိခြင်းသာ ဘာမှမထွက်လာ.... အနမ်းစိတ်ထဲစိုးရိမ်မိသွားသည်။
''ဟင့်အင်း မဖြစ်ရဘူး အဲ့လိုမဖြစ်ရဘူး''
အနမ်းခေါင်းကိုသာအသွင်သွင်ခါလိုက်မိသည်။
....
အနမ်းအခန်းထဲမှာလှဲနေစဥ်အိမ်ရှေ့မှသူမ နာမည်ကိုအော်ခေါ်နေသူတစ်ဦးကြောင့်အရှေ့သို့ထွက်လာခဲ့ကာ'ဝန'သူထပ်လာပြန်ပြီလား..
အနမ်း ဝနဆီသို့လျှောက်သွားလိုက်ပြီး
''ဘာလဲ''
ခပ်ပြတ်ပြတ်သာမေးလိုက်မိသည်။
''လွှာရယ် စိမ်းကားလိုက်တာ နင်နဲ့ငါနဲ့ကအဲ့လိုပြောရမဲ့သူတွေမှမဟုတ်တာ''
''တော်တော့ ဝန ဘာကိစ္စလဲ''
''ငါ့ကကိစ္စရှိမှနင့်ဆီလာရမှာလား''
''တော်ပြီ ငါနေမကောင်းဘူး နင်ကိစ္စမရှိရင်ပြန်တော့ဟာ''
''နေမကောင်းဘူးလား ဘာဖြစ်လို့လဲ..ဟင်''
အနမ်းလက်ဖဝါးနုနုကိုအသားဖမ်းဆုပ်လိုက်ပြီး နဖူးလေးကိုသူ့လက်နဲ့ပူ၊မပူစမ်းကြည့်နေသည်။
တစ်ချိန်ကသာဆိုအနမ်းဒါမျိုးတွေရင်ခုန်ကောင်း၊ရင်ခုန်နိုင်လိမ့်မယ် သို့ပေမဲ့ ခုတော့ဝနကိုသူ့ဘယ်လိုမှရင်မခုန်နိုင်တော့ဘာ...
YOU ARE READING
ဖူးစာ၏လှည့်ကွက် (Completed)
Romanceအစ်မဖြစ်သူကိုမိဘတွေမှ အိမ်ထောင်ချပေးကာ၊အစ်မဖြစ်သူကမယူပဲချစ်သူနောက်ခိုးရာလိုက်ပြေးသွားတော့၊ ကျန်ခဲ့တဲ့သူနဲ့ပေးစားမှာကြောက်လို့ အိမ်မှထွက်ပြေးလာခဲ့ရာ...အမှတ်မထင် ကားတစ်စီးနဲ့တိုက်မိပြီး...ထိုသူရဲ့အိမ်တွင်အလုပ်လုပ်ဖို့အကြောင်းဖန်လာခဲ့သည်။