(အပိုင်း7)

9.4K 175 5
                                    

♡ဖူးစာ၏လှည့်ကွက်♡

(အပိုင်း7)

''နေမယ်ဆိုလည်း...ကြာကြာနေပေးပါလား...''

''ရှင်''

''ကိုယ်ပြောတာက နွေဦး ဒီမှာနေမယ်ဆိုရင် နည်းနည်းကြာကြာလေးနေပေးလို့ရမလားလို့ဘာ''

''ရှင် ဘာ..ဘာကိုဆိုလိုလဲဟင်''
(ဟာ ဒီလူကြီးဘာတွေပြောနေတာပါလိမ့်)

''ဒီလိုလေ ခုဆို မီးငယ်က 'နွေဦးမှနွေဦး'ဖြစ်နေပြီလေ...နွေဦးသာရုတ်တရက်ထွက်သွားခဲ့ရင် ကိုယ့်ခလေး စိတ်မကောင်းဖြစ်ပြီး ကျန်ခဲ့ရမှာ''

''အော်.... အဲ့တာလား အစ်ကိုသာ နွေဦး ကိုမမောင်းထုတ်သရွှေ့ နွေဦးလည်း ဘယ်မှမထွက်သွားဘူး''

(ချစ်ဖို့ကောင်းအောင်လုပ်ပြောနေတာမျိုးမဟုတ်ပဲနဲ့ ပုံမှန်အတိုင်းလေးပြောနေတာတောင် သူမလေးကတဂယ်ကိုချစ်ဖို့ကောင်းလွန်းနေသည်။ သော့ခပ်ထားတာကြာနေပြီဖြစ်တဲ့ နှလုံးသားလေးက မင်းနဲ့ကျမှနောက်တစ်ကြိမ်ပြန်ပြီ နိုးထလာမှာလား ခလေးရယ်....)

''ဟား ဟား ဟားး ကိုယ်ကမင်းကိုဘာလို့မောင်းထုတ်ရမှာလဲ မင်းသာထွက်မပြေးနဲ့ ကြားလား''

''ဟင် နွေဦးကဘာလို့ထွက်ပြေးရမှာလဲ အစ်ကိုကလဲ''

''ကိုယ့်ခလေးကဆိုးတယ် နွေဦးရဲ့ ခုနွေဦးက ကိုယ့်ခလေးရဲ့မာမီအနေနဲ့ နေ,နေရတာမလား....မီးငယ်လေးဆိုးသမျှနွေဦးကခံရတော့မှာ...နွေဦးကသည်းမခံနိုင်ပဲ ထွက်ပြေးသွားရင်ဘယ်လိုလုပ်မလဲ''

''နွေဦးက ကလေးချစ်တတ်ပါတယ်နော် ပြီတော့ မီးငယ်လေးကအဲ့လောက်လည်းမဆိုးပါဘူး''

''အင်း နွေဦးအဆင်ပြေရင်ရပါပြီ...အဆင်မပြေတာရှိရင်လည်း ကိုယ့်ကိုပြောနော်..ကြားလား''

''ဟုတ်''

''ပြီတော့ မီးငယ်လေးမှာ စိတ်ဒဏ်ရာရှိတယ် ခုကြည့်ရင်အကောင်းပဲဆိုပေမဲ့ အရင်ကအကြောင်းတွေပြန်သတိရလာရင် သူ့ကိုထိန်းမရတော့ဘူး''

''ရှင် စိတ်ဒဏ်ရာလား....ဒီလောက်ငယ်တဲ့ကလေးမှာလေ''

''ဟုတ်တယ် နွေဦး ကိုယ့်ခလေး1နှစ်ခွဲတုန်းက ကားအက်စီးဒန့်တစ်ခုဖြစ်ခဲ့တယ်။ ဖြစ်တုန်းကဆို မီးငယ်ကကြောက်လွန်းလို့ထင်ပါရဲ့ ဘယ်သူနဲ့မှစကားမပြောခဲ့ဘူး နောက်ပိုင်းကျမှ မီးငယ်ရဲ့ဒေါ်လေးရောက်လာမှ ပြန်ပြီးစကားတွေ ပြောလာတာ...မီးငယ်က လူတွေတအားခင်လွန်းတယ် အဲ့တာကြောင့် နွေဦးသာ ရုတ်တရက်ထွက်သွားခဲ့ရင် ကိုယ့်ခလေးစိတ်ထိခိုက်ပြီး စိတ်ဒဏ်ရာ ရမှာကိုယ်ကြောက်တယ်''

ဖူးစာ၏လှည့်ကွက်  (Completed)Where stories live. Discover now