♡ဖူးစာ၏လှည့်ကွက်♡
(အပိုင်း8)
''ကိုယ်တို့.....လက်ထပ်ကြရအောင်''
''ရှင်...ဘာ..ဘာပြောလိုက်တာ''
(လူကဘာမှန်းမသိပဲ ရင်တွေထခုန်နေလေတော့သည်။ မထင်မှတ်ထားတဲ့အချိန်မှာ မထင်မှတ်ထားတဲ့စကားကိုပြောချလာတော့ လူက ဘာလုပ်လို့လုပ်ရမှန်းကိုမသိတော့ပဲ ဂနာမငြိမ်တော့ဘာ)
''ကိုယ်ပြောတာက...ကိုယ်တို့..လက်ထက်ကြရအောင်လို့''
''ရှင် ရူးနေလား...နွေဦးကိုဘယ်လိုမိန်းကလေးမျိုးထင်နေတာလဲ...အစ်ကိုလိုချင်တိုင်းကောက်ယူလို့ရအောင်လဲ နွေဦးက လမ်းဘေးကဟင်းရွက်ကန်စွန်း မဟုတ်ဘူးဆိုတာကို အကိုသိရဲ့လား''
''ကိုယ်သိတယ် နွေဦး''
''အခု...စိတ်အေးအေးထား..ကိုယ်ပြောတာနားထောင်''
''ဟင်အင်း...နားလည်းမထောင်ဘူး..အစ်ကိုကနွေဦးကို ဒီမိန်းခလေး ငါ့ယူရင်ရပါတယ်ဆိုပြီး အထင်သေးနေတာလား...''
(ငိုသံလေးပါလာပါပြီး)''မဟုတ်ဘူး...ကိုယ်အဲ့လိုလည်းမတွေးဘူး...နွေဦးလေး..ကိုယ့်ကိုကြည့်ကွာ''
(ငိုသံလေးနဲ့ ပြောနေတဲ့သူမလေးက စိတ်ဆိုးပြီးဝမ်းနည်းနေပြီးဆိုတာ သူ့သိနေပြီလေ။ ဟိုဘက်လှည့်က စိတ်ဆိုးနေတဲ့ကလေးမကို ပုခုံးနှစ်ဖက်ကိုဆွဲပြီး သူ့ဘက်သို့လှည့်ကာ ချုပ်ထားလိုက်သည်။)
''အစ်ကိုနော်..ဘာလုပ်တာလဲ လွှတ် အခုလွှတ်''
''ကိုယ့် ပြောတာနားထောင်ပါအုံး နွေဦးရယ် ဟုတ်ပြီလား ကိုယ်ရှင်းပြမယ် ''
''ဟင့်အင်း ဟင့်အင်း..ဘာမှလာမရှင်းပြနဲ့...မကောင်းတဲ့လူကြီး...အကျင့်မကောင်းတဲ့သူ...ရှင့်မိန်းမကိုလည်းရှင်ဒီလိုပဲအနိုင်ကျင့်ခဲ့တာမလား သွား အခုသွား''
ပြောပြီးမှ စကားလွန်သွားပြီဆိုတာ သိလိုက်ပြီ။ ပြင်ဖို့အချိန်လည်းမရလိုက်ဘာ။
သူ့ကတော့ ချုပ်ကိုင်ထားတဲ့နွေဦးရဲ့ပုခုံးကိုလွှတ်ပေးလိုက်တော့သည်။''ဟို အ...အစ်ကို....နွေဦးကလေ''
''ရတယ်....နွေဦး...ကိုယ်နားလည်တယ်''
YOU ARE READING
ဖူးစာ၏လှည့်ကွက် (Completed)
Romanceအစ်မဖြစ်သူကိုမိဘတွေမှ အိမ်ထောင်ချပေးကာ၊အစ်မဖြစ်သူကမယူပဲချစ်သူနောက်ခိုးရာလိုက်ပြေးသွားတော့၊ ကျန်ခဲ့တဲ့သူနဲ့ပေးစားမှာကြောက်လို့ အိမ်မှထွက်ပြေးလာခဲ့ရာ...အမှတ်မထင် ကားတစ်စီးနဲ့တိုက်မိပြီး...ထိုသူရဲ့အိမ်တွင်အလုပ်လုပ်ဖို့အကြောင်းဖန်လာခဲ့သည်။