♡ဖူးစာ၏လှည့်ကွက်♡
(အပိုင်း12)
ဘယ်လို'လွှာ'တဲ့လား? မင်းတို့ကချစ်သူတွေတောင်ဖြစ်နေပြီလား ချာတိတ်ရယ်....
''ကောင်းပါပြီ ကိုယ်ပဲထွက်သွားပါ့မယ်''
''ပြီးတာပဲ''
''အနမ်း ကိုယ်သွားတော့မယ် မင်းတို့အတွဲစကားပြောနေတာအနှောင့်ယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်ကွာ...''
''အယ် အဲ့လိုမဟုတ်....''
စကားဆုံးအောင်တောင်မစောင့်ပဲ နောက်ကိုတစ်ချက်တောင်လှည့်မကြည့်ပဲ ထွက်သွားတဲ့သူ့ကို နားမလည်နိုင်စွာနဲ့ငေးကြည့်နေမိခဲ့သည်။
''လွှာ သူကဘယ်သူလဲ ငါ့ပြိုင်ဖက်လား?''
''ဟာ ... မဟုတ်ပါဘူး ဒီကအလုပ်သမားဘာ''
''သူ့ကိုကြည့်ရတာ မရိုးဘူးနော် သူနင်ကိုကြည့်နေတဲ့မျက်လုံးတွေကိုမကြိုက်ဘူးဟာ... နင်သူ့နဲ့ဝေးဝေးနေ''
''ဝနနော် ငါနင့်ကိုအဖြေတောင်မပေးရသေးဘူး လာပြီးမချုပ်ချယ်နေနဲ့ သူနဲ့ကရိုးရိုးပဲခင်တာ''
''ဟုတ်ပါပြီ နင်ကိုယုံတယ် သူ့ကိုပဲမယုံတာ ''
ဝန မယုံတာလည်းမပြောနဲ့ ဇိုးကသူ့ထက်မိုက်ပြီအရပ်ရှည်တယ် မိန်းကလေးတိုင်းပစ်ကြွေနိုင်တဲ့ရုပ်ခံနဲ့မို့ ယောကျာ်းချင်းတောင်မနာလိုဖြစ်ရတယ်...
''အင်းပါ မိုးချုပ်တော့မယ် ပြန်တော့''
''အေး အားတဲ့နေ့အိမ်မှာထမင်းလာစား မေမေကသူ့ချွေးမလောင်းကိုမျှော်နေတာ''
''နင်နော်''
''ဟားဟားဟား ကဲ သွားပြီ ငါ့ချစ်သူလောင်းလေးရေ ''
''ကောင်စုတ်''
လက်ပြနှုတ်ဆက်ပြီး အပြင်ကိုပြန်ထွက်သွားတဲ့သူ့ကိုရပ်ကြည့်နေမိသည်။ဒါမဲ့အတွေးထဲမှာတော့'ဇိုး'အကြောင်းပဲတွေးနေမိသည်။ဇိုးရဲ့အကြည့်တွေက မရိုးဘူးတဲ့...လူကြီးငါ့ကိုကြိုက်နေတာများလား...အာ ဖွ ဖွ ပေါက်ကရတွေ မဖြစ်နိုင်ပါဘူး....ဟူးးး
သက်ပြင်းရှည်ကြီးတစ်ချက်ကိုချလိုက်မိသည်။
.
.
.
.
ညကတိတ်ဆိတ်ပြီး သာမန်ထက်ပိုမှောင်နေလေသည်။
''မာမီကဒီမှာအိပ် ဒယ်ဒီကဒီမှာအိပ် မီးငယ်ကအလယ်မှာအိပ်မယ်''
YOU ARE READING
ဖူးစာ၏လှည့်ကွက် (Completed)
Romanceအစ်မဖြစ်သူကိုမိဘတွေမှ အိမ်ထောင်ချပေးကာ၊အစ်မဖြစ်သူကမယူပဲချစ်သူနောက်ခိုးရာလိုက်ပြေးသွားတော့၊ ကျန်ခဲ့တဲ့သူနဲ့ပေးစားမှာကြောက်လို့ အိမ်မှထွက်ပြေးလာခဲ့ရာ...အမှတ်မထင် ကားတစ်စီးနဲ့တိုက်မိပြီး...ထိုသူရဲ့အိမ်တွင်အလုပ်လုပ်ဖို့အကြောင်းဖန်လာခဲ့သည်။