(အပိုင်း1)

27.2K 349 9
                                    

♡ဖူးစာ၏လှည့်ကွက်♡

(အပိုင်း1)

သန်းခေါင်ယံအချိန်တွင် ညကတိတ်ဆိတ်လို့နေသော်လည်း "နွေဦး" တစ်ယောက် အိမ်သာသွားချင်လို့ အိပ်ယာကနေ မထချင် ထချင်နဲ့ထလာရသည်...

'ဟင်'

'မမရော...မမဘယ်ရောက်သွားတာလဲ???'

အိမ်သာကထွက်အလာ ညကအတူအိပ်ယာဝင်ခဲ့တဲ့ မမ"လဝန်းသော်တာ"သည်အခုရှိမတော့ချေ...

(နွေဦးလေးက သရဲကြောက်တတ်လို့အမဖြစ်သူနဲ့အတူ တစ်ခန်းထဲမှာ ကုတင်တစ်ယောက်တစ်လုံးဆီနဲ့အိပ်ကြသည်)

"ဟယ်...စားပွဲပေါ်မှာဘာစာလဲ?''

ချက်ချင်းဆိုသလိုခြေထောက်တွေက.စားပွဲရှိရာကိုရောက်သွားကာ စာကိုဖွင့်ပြီးကောက်ဖတ်လိုက်မိသည်။

သို့/
_ဖေဖေနဲ့မေမေ ဖေဖေတို့ပေးစားတဲ့"ဦးကောင်းထိုက်"ကိုမယူချင်တော့ကြောင့် သမီးရဲ့ချစ်သူနောက်ကိုလိုက်သွားပါပြီ သမီးမိုက်ကိုခွင့်လွှတ်ပေးဖို့မတောင်းဆိုချင်ပေမဲ့ ခွင့်လွှတ်ပေးပါ ဖေဖေနဲ့မေမေ သမီး ဖေဖေနဲ့မေမေကို ကန်တော့ ခဲ့ပါတယ်နော်...
လဝန်းသော်တာ

"ဟင်..ဒါဆိုမမက ယောကျာ်းနောက်လိုက်ဝါးတာပေါ့"

"သေစမ်း နွေဦးသော်တာ ...နင်သေလိုက်တော့"

ဆိုပြီး ကိုယ့်ကိုကိုယ်အားမလိုအားမရနဲ့တစ်ယောက်ထဲပြောနေမိတော့သည်

"ဒါဆို...ငါ့ခုဘာဆက်လုပ်ရမလဲ"

"မမကတောင် မလိုချင်လို့ ယောကျာ်းနောက်လိုက်ဝါးတာ..သေချာတယ် မမကမယူဖြစ်တော့ဘူးဆိုတော့ သေချာပေါက် ဖေဖေတို့ကငါ့ကိုထိုးပေးကြတော့မှာ..ဟင်းးး မရဘူး..ဒီလိုလုံးဝမဖြစ်လာစေရဘူး..."

"မှန်းစမ်း...ဘယ်နှစ်နာရီရှိပြီလဲ "

သူ့ဘာသာသူ တစ်ယောက်ထဲပြောပြီး နံရံမှာချိတ်ထားတဲ့နာရီကိုလည်းကြည့်ရပြန်၏။

"မနက်၄နာရီထိုးနေပြီ... ဟုတ်တယ် အထုပ်ထုတ်ရမယ်"

နွေဦးကတော့ သူ့အကြံနဲ့သူအထုပ်တွေထုတ်ကာလိုအပ်တဲ့ပစ္စည်းများကိုရှာယူပြီး ကောက်ထည့်နေလေသည်။

ဖူးစာ၏လှည့်ကွက်  (Completed)Where stories live. Discover now