♡ဖူးစာ၏လှည့်ကွက်♡
(အပိုင်း16)
''ငါ့တို့နောက်နှစ်ရက်နေပြန်လာမယ်''
''လာပေါ့..အဲ့တာဘာဖြစ်''
''လုပ်ခိုင်းစရာရှိတယ်...''
''ဘာလဲ...ဘာလုပ်မှာလဲ''
''.................''
''ဝိုး...အိုကေ..အားလုံးစီစဥ်ထားပေးမယ်''
''ငါ့စိတ်ချမယ်နော်''
''ညီမကိုသာယုံထားလိုက်..ဟီးဟီး''
''အေး..ဒါပဲ''
လင်းညို့နဲ့ဖုန်းပြောပြီးအိပ်ရန်ပြင်နေစဥ်...
အိမ်းနားကိုကပ်လာနေသူတစ်ဦး၊
အနမ်းရဲ့အိပ်ခန်းပြတင်းပေါက်ကနေပြီးတံခါးကိုအသာလေးထုကာ...''ဒေါက်..ဒေါက်..ဒေါက်''
''ဟင်..ဒီချိန်ကြီးဘယ်သူကြီးပါလိမ့်''
အနမ်းအိပ်တော့ဖို့ပြင်နေတဲ့အချိန်...ရုတ်တရက်ကြားလိုက်ရတဲ့ တံခါးခေါက်သံသဲသဲလေးကိုကြားလိုက်ရကာ...ဘယ်သူများပါလိမ့်ဆိုပြီးအတွေးတွေကဝင်လာသည်။
''ဒေါက်..ဒေါက်..ဒေါက်...ငယ်...ငယ်ရေ...အိပ်ပြီလား..ကိုယ်ဘာ''
''ဟင်...ဟိုလူကြီး''
ဒီအသံကိုသေချာလေးကိုမှတ်မိနေသည်။
အသံပိုင်ရှင်ကိုသိနေတာကြောင့်..ပြတင်းတံခါးလေးကိုအသာလေးဖွင့်လိုက်ကာ...သူမျက်နှာချောချောကပေါ်လာသည်။''ငယ်...မအိပ်သေးဘူးလား..နေကောင်းရဲ့လား''
တံခါးဖွင့်ပြီးတာနဲ့...မေးနေလိုက်တာမသိရင်သူ့ကဆရာဝန်ကျနေတာပဲ
''ကောင်းတယ်...ပြန်တော့''
ပြောပြီး...ပြတင်းတံခါးကိုပြန်ပိတ်ဖို့အပြင်မှာသူ့ကတံခါးကိုလက်နဲ့ဆွဲကိုင်ထားလိုက်သည်။
''နေပါအုံး..ငယ်လေးရဲ့...ကိုယ်ပြောစရာရှိလို့''
''ပြော...ဘာပြောမှာလဲ..မြန်မြန်ပြော..ကြီးမြတို့ကြည်နူးတို့နိုးပြီးတွေ့ဝါးရင်တစ်မျိုးထင်နေလိမ့်မယ်''
''ကိုယ်တို့ကလည်း..တစ်မျိုးပဲဟာကို''
''ရှင်နော်..ပြော..ဘာပြောမှာလဲ''
YOU ARE READING
ဖူးစာ၏လှည့်ကွက် (Completed)
Romanceအစ်မဖြစ်သူကိုမိဘတွေမှ အိမ်ထောင်ချပေးကာ၊အစ်မဖြစ်သူကမယူပဲချစ်သူနောက်ခိုးရာလိုက်ပြေးသွားတော့၊ ကျန်ခဲ့တဲ့သူနဲ့ပေးစားမှာကြောက်လို့ အိမ်မှထွက်ပြေးလာခဲ့ရာ...အမှတ်မထင် ကားတစ်စီးနဲ့တိုက်မိပြီး...ထိုသူရဲ့အိမ်တွင်အလုပ်လုပ်ဖို့အကြောင်းဖန်လာခဲ့သည်။