♡ဖူးစာ၏လှည့်ကွက်♡
(အပိုင်း23)
''အနမ်းမှာကိုယ်ဝန်ရှိနေပြီ''
''ဘယ်လို!''
ဇိုးအလန့်တစ်ကြားထအော်မိသည်။ထို့နောက်အသံတုန်တုန်ရီရီဖြင့်
''တစ်ကယ်လား တစ်ကယ်လားငယ် ဟုတ်ရဲ့လား''
''ငယ်ကမဟုတ်ပဲပြောပါ့မလား..''
ဇိုးထအော်လိုက်တဲ့အသံကြောင့်အနမ်းစိတ်ထဲထင့်သွားမိသည်။
ကိုကိုက ကလေးယူချင်ပါအုံးမလား၊ ကလေးရှိနေမှန်းသိရင်ရောသူ့ကိုတာဝန်ယူပါအုံးမလား၊ ကိုကိုမိဘတွေကကောကြည်ဖြူပါ့မလား ဆိုပြီးစိုးရိမ်လာရပြန်၏။''ဒါဆို ကိုယ်က ကလေးအဖေဖြစ်တော့မှာပေါ့ ဟုတ်လားငယ်''
ဇိုးအသံကရင်ခုန်စိတ်လှုပ်ရှားမှုတွေအပြည့်နှင့်ပြောလိုက်ခြင်းပင်။
ကြည်နူးမှုတွေကအထင်သား၊မျက်နှာထက်မှာပြုံးပျော်နေတာ သကာရည်လောင်းချထားတဲ့အလား။''အင်း ဘာလဲ ကိုကိုကကလေးမယူချင်သေးလို့လား...''
''မဟုတ်တာဗျာ လိုချင်တာပေါ့ မိန်းမလည်းရ၊ကလေးလည်းရ ဘယ်လောက်ကောင်းလိုက်မလဲ''
''ဟွန့် ကိုကိုကဘယ်သူ့ကိုယူမှာလဲ''
''ဟောဗျာ ကိုကိုကငယ့်ကိုမယူရင်ဘယ်သူ့ကိုယူရမှာလဲ မဖြစ်သေးပါဘူး ငယ်ဆီကိုယ်အမြန်ဆုံးပြန်လာမှဖြစ်တော့မယ်''
''ဘယ်တော့လာမှာလဲ''
''ကိုလင်းနဲ့ဆက်သွယ်ရအုံးမှာပေါ့ငယ်ရဲ့ ခနလေးပဲစောင့်နေပေးနော် ကိုယ်ရအောင်လာခေါ်မယ်''
''ဟုတ်''
ဖုန်းကျသွားသည့်တိုင် ဇိုးမျက်နှာကအပြုံးတို့ကပျောက်ပျက်မသွား။
သူရဲ့အချစ်တွေကိုထပ်ပြီးသိမ်းပိုက်လာတော့မဲ့ သူ့တို့ရင်သွေးအား ဇိုးစိတ်ကူးကြည့်ရင်း ရင်တွေခုန်နေမိပြီး အိပ်ယာထဲခုန်ပေါက်နေမိတော့သည်။ဇိုးဆက်မအိပ်တော့ပဲ ရေချိုးခန်းထဲဝင်ကာရေချိုးအဝတ်စားလဲပြီး ကွန်ပျူတာတစ်လုံးနဲ့အလုပ်ရူတ်နေလိုက်တာ အမေဖြစ်သူအခန်းတံခါးလာခေါက်မှသာလျှင် နာရီကိုတစ်ချက်ကြည့်လိုက်မိသည်။
YOU ARE READING
ဖူးစာ၏လှည့်ကွက် (Completed)
Romanceအစ်မဖြစ်သူကိုမိဘတွေမှ အိမ်ထောင်ချပေးကာ၊အစ်မဖြစ်သူကမယူပဲချစ်သူနောက်ခိုးရာလိုက်ပြေးသွားတော့၊ ကျန်ခဲ့တဲ့သူနဲ့ပေးစားမှာကြောက်လို့ အိမ်မှထွက်ပြေးလာခဲ့ရာ...အမှတ်မထင် ကားတစ်စီးနဲ့တိုက်မိပြီး...ထိုသူရဲ့အိမ်တွင်အလုပ်လုပ်ဖို့အကြောင်းဖန်လာခဲ့သည်။