(အပိုင်း3)

12.8K 204 0
                                    

♡ဖူးစာ၏လှည့်ကွက်♡

(အပိုင်း3)

"ရှင် ရှင်တအားမိုက်ရိုင်းပါလား ဦလူရိုင်းရဲ့ အရိုင်းအစိုင်းကောင်ကြီး"

(နွေဦးတစ်ယောက် စိတ်ဆိုးချင်လည်းဆိုးစရာပဲမလား အိမ်မှာတောင် သူ့ကိုလေသံမာမာနဲ့မပြောတာကို ဒီလူကြီးကလာအော်နေတော့ ဒေါသထွက်ပြီး စိတ်ရှိတာတွေလျှောက်ပြောလိုက်မိတာ စိတ်ထဲမှာ​​တော့ အားနာမိပါရဲ့)

"အယ်   ကဲ ကဲ လူလေးလဲ တော်တော့၊ ကြီးမြပဲမေးပါ့မယ်ကွယ်...ဒီတိုင်းဆို ပြီးမှာမဟုတ်တော့ဘူး "
(ကြီးမြ ရောက်လာလို့သာပဲ မဟုတ်ရင်သတ်ပွဲဖြစ်ပြီ)

"သူ့ကိုက မိန်းကလေးတန်မဲ့ အပေါက်ဆိုးနေတာ ဘယ်လိုမိန်းကလေးမှန်းကိုမသိဘူး"

''တော်ပါတော့ လူလေးရယ် ကြီးမြမေးပါ့မယ်"

"သမီး သမီးလေးနာမည်ကဘယ်သူလဲ ဘယ်ကလာသလဲ ဘာလို့အဲ့ချိန်ကြီးအပြင်ထွက်ရတာလဲကွယ် ပြောပြပါအုံး... ကြီးမြတို့ကလူကောင်းတွေဘာ လူလေးကလည်းစိတ်ထားလေးကောင်းရှာပါတယ်ကွယ် အပြောကြမ်းတာ​လေးတစ်ခုပါပဲ ပြောနော် ဘာမှကြောက်စရာမလိုဘူး သမီးဖြစ်ချင်သလိုသာပြော ကြီးမြတို့လိုက်လုပ်ပေးမယ် ဟုတ်ပြီလား"

"ဟုတ်ကဲ့ ကြီးမြ သမီးပြောပြပါ့မယ်''

''သမီး နာမည်က'နွေဦးသော်တာ'ပါ...ရန်ကုန်ကဘာ..အခု ဒီကိုဘယ်လိုရောက်လာမှန်းတော့မသိပါဘူးး"

"​အေးဟေ့ ဒီကို ငါ့ခေါ်လာတာဟေ့ ငါ့ခေါ်လာတာဟ"

"လူလေးရယ် နင်အသာနေစမ်းဘာ...ကြီးမြမေးပါ့အုံးမယ်"

(သူ့ခေါ်လာတယ်လို့ပြောလိုက်တာနဲ့ နွေဦးရဲ့ နဂါးမျက်စောင်းက 'လင်းညို့ရှင်'ထံသို့ချက်ချင်းရောက်သွားလေတော့သည်)

"ဒါဆို သမီးလေးမိဘတွေကရော ဘယ်မှာလဲ ဒီမော်လမြိုင်မှာရော အမျိုးတွေရှိလား သမီးကိုကြီးမြတို့ဘယ်လိုလုပ်ပေးရမလဲ သမီးသဘောတိုင်းလိုက်လုပ်ပေးမယ် ဟုတ်ပြီလား အမှုတွေကတော့ဖွင့်မနေပါနဲ့သမီးရယ်"

''သမီးမှာ မိဘတွေမရှိတော့ပါဘူး....မကြာသေးခင်ကပဲ အက်စီးဒန့်စ် တစ်ခုကြောင့်ဆုံးသွားခဲ့ပါပြီ ကြီးကြီး "
(နွေဦးတစ်ယောက် ပါးစပ်ထဲတွေ့တာတွေ အကုန်လျှောက်ရွှီးနေပါပြီ)

ဖူးစာ၏လှည့်ကွက်  (Completed)Where stories live. Discover now