(အပိုင်း4)

11K 209 5
                                    

♡ဖူးစာ၏လှည့်ကွက်♡

(အပိုင်း4)

"ဟာ ဒယ်ဒီပြန်လာပြီ''
ဆိုပြီးအားရဝမ်းသာ ပြေးဖက်လိုက်တဲ့ကလေးငယ်။

''ဒယ်ဒီ  ဘာလို့နောက်ကျနေတာလဲ မီးငယ်ကဒယ်ဒီကိုမျှော်နေတာကို"
(ချွဲချွဲနွဲ့နွဲ့လေး ပြောလိုက်တဲ့မီးငယ်ကြောင့် လင်းညို့မပြုံးပဲမနေနိုင်လောက်အောင်ဘာ)

''ဟွန့် ဒယ်ဒီနော် ဘာတွေပြုံးနေတာလဲ မီးငယ်ကိုလှောင်နေတာလားပြော''

''မလှောင်ရပါဘူးဗျာ   ဒယ်ဒီသမီးငယ်ကဘာလို့ဒီလောက်ချစ်ဖို့ကောင်းနေရတာလဲ ဆိုပြီးငေးကြည့်နေတာပါဗျာ''

''ဒယ်ဒီကလည်းနော်  မီးငယ်ကနေ့တိုင်းချစ်ဖို့ကောင်းတာကို''

''ဟုတ်ပါတယ်ဗျာ ဒယ်ဒီမီးငယ်ကအမြဲချော အမြဲလှ အမြဲချစ်ဖို့ကောင်းပါတယ် ကဲကျေနပ်ပြီးလား''

''ဟီးဟီး ဟုတ် ကျေနပ်ပြီ''

(သားအဖနှစ်ယောက်အလွမ်းတည်နေကြတာ နောက်မှာပါလာတဲ့နွေဦးကို တောင်မေ့နေကြပြီ)

စကားတွေလည်းများပြီးတော့မှ မီးငယ်က နောက်မှာရပ်နေတဲ့'နွေဦး'ကိုတွေ့သွားပြီး တစ်ချက်တော့ မျက်နှာပျက်သွားပြီး နောက်မှ တစ်ခုခုကိုသဘောပေါက်သွားသည်ဟန်နဲ့ ပြုံးလိုက်ပြီး စကားဆိုလိုက်သည်။

''ဒယ်ဒီ''

''ဗျာ''

''အနောက်က မီးငယ်ရဲ့ မာမီအသစ်မလား''

''ဟမ် ဘယ်ကမာမီလဲ''

(အဲ့တော့မှ သူအနောက်ကိုလှည့်ကြည့်လိုက်ပြီး သူ့ခေါ်လာခဲ့တဲ့'နွေဦး'ကိုသတိရသွားတော့သည်)

''မဟုတ်ဘူး မီးငယ်ရဲ့ဒီကမမက ဒီကိုအလုပ်လာလုပ်တာဘာ မာမီမဟုတ်ဘူးနော်''

''ဟာ မသိဘူး ဒါမီးငယ်ရဲ့​မာမီပဲ''

''မာမီ''
(ဆိုပြီး ချွဲချွဲနွဲ့နွဲ့လေး ခေါ်ကာ နွေဦးရှေ့ကိုရောက်လာပြီး ပြေးဖက်လာပုံက တဂယ်သားအမိတွေပြန်တွေ့လို့ပြေးဖက်လိုက်ပုံပင်)

(ရုတ်တရက် ပြေးဖက်လာတဲ့ခလေးငယ်ကြောင့် နွေဦးဘာမှမတုန့်ပြန်မိပဲ တောင့်တောင့်ကြီးရပ်နေမိတော့သည်)

ဖူးစာ၏လှည့်ကွက်  (Completed)Where stories live. Discover now