"Haung Renjun ငါတို့ တွဲရအောင်"
"ဟမ်"
အတန်းသို့လာသည့် လမ်းတွင် ပြောစရာရှိသည်ဟုဆိုကာ ခေါ်လာသည့် လူ၏ စကားသည် သူ့ကို တွဲရန်ပြောခြင်းဖြစ်ေနသည်။ သူလည်း တက္ကသိုလ်တတိယနှစ်ရောက်ပြီမို့ ရည်းစားထားသည့် ကိစ္စကို အထူးအဆန်းဟုမတွေးပါ။ သို့သော် ယခုက ထူးနေသည်။ ထူးသည်မှာ အခြားမဟုတ်။ သူ့ကို တွဲရန်လာပြောသည့်သူမှာ Lee Jeno ဖြစ်၍ ထူးဆန်းသည်။ Lee Jeno ဆိုသည်မှာ သူတို့ကျောင်း၏ ထိပ်တန်းမင်းသားစာရင်းဝင်ဖြစ်သည်။ ဥစ္စာပေါ ရုပ်ချော ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်ဖြစ်ပြီး လာကြိုက်သည့် လူတိုင်းကိုလည်း ရက်ရက်ရောရော ဖြင့် အချစ်များ စွန့်ကြဲတတ်သည့် အချစ်သူဌေးလေးလည်းဖြစ်သည်။ ထိုကဲ့သို့ နာမည်ကြီးပုဂ္ဂိုလ်က သူ့ကို တွဲရန်လာပြောနေသည်။
"Haung Renjun ဘယ်လိုလဲ"
"Lee Jeno"
ထိုလူကို စေ့စေ့ကြည့်ကာခေါ်လိုက်သည်။ထိုအခါ Jeno က သူ့ မျက်ခုံးတစ်ဖက်ကို ပင့်ပြသည်။
အံမယ် ဘာလဲ ဆိုသည့် အထာပေါ့။ ဒီကောင်ကတော့ သူက လည်း စပြီးတွဲဖို့လာပြောသေး အထက်စီးကဆန်ချင်သေး။"မင်း တစ်ခန်းလွတ်သွားတာလား"
"ဘာကို"
"မင်းက တွဲဖို့လာပြောတယ် ငါ့ကိုလေ"
"အေးလေ"
Lee Jenoက ဘာမျှမထူးဆန်းသလို ဖြေသည်။
"ဘာလို့ ငါလဲ။ ငါပြောချင်တာက မင်းနဲ့ငါ သိမှမသိတာ"
သူပြောတော့ Lee Jeno က ရယ်သည်။ သူ့ကို အသိခက်ရန်ကောဆိုသည့်ပုံနှင့်။
"ငါ ဘယ်သူလဲ"
"Lee Jeno လေ"
"မင်းက Haung Renjun။ ငါတို့ မေဂျာအတူတူပဲ။ တစ်ခန်းထဲတက်လာတာ ဒီနှစ်ရောဆို သုံးနှစ်တောင်ရှိတော့မယ်လေ"
ဒါသက်သက်ကပ်ပြောနေတာ စိတ်ထဲက ပြောမိသည်။
"ငါတို့က ရင်းမှမရင်းနှီးတာ"
"တွဲပြီးရင် ရင်းနှီးသွားမှာပါ။ စဉ်းစားထားနော်။ ဒါဆို သွားဦးမယ်"
ပြောပြောဆိုဆို Lee Jeno က သူ့ခေါင်းလေးကို အသာအယာပုတ်သွားသည်။
YOU ARE READING
Fall in love casually
Fanfictionတစ်ချိန်ကျ ထွက်သွားမယ့်လူတစ်ယောက်ကို သူ့နှလုံးသားတွယ်ငြိမသွားဖို့ မျှော်လင့်ပါသည်။