7

72 11 0
                                        

"မဆင်းသေးနဲ့ဦး။ ငါတံခါးဖွင့်ပေးမယ်"
ကားကို ပါကင်မှာထိုးလိုက်ပြီး Jeno က ပြောသည်။ သူလည်း ကြောင်တောင်တောင်ဖြစ်ပြီးကျန်ရစ်သည်။ စက်ရပ်ပြီးသည်နှင့် Jeno က သူ့ဘက်က တံခါးဆီရောက်လာပြီး တံခါးဖွင့်ပေးသည်။
"ဟိုဘက်မှာ မင်းရဲ့ Taeha တို့အတွဲရှိတယ်"
"ငါ့ရဲ့ Taeha မဟုတ်ပါဘူး"
သူက ချက်ချင်းပြန်ပြောတော့ Jeno က ပြုံးသည်။
"ဟုတ်ပါပြီဗျာ"
ကားတံခါးကို ပိတ်ပြီးတာနဲ့ Jeno ကို ဖက်လိုက်သည်။
"ပြန်ဖက်လေ"
ထိုအခါမှ Jeno က သူ့ခါးကို ပြန်ဖက်လာသည်။ ဖက်ထားရာမှ ကိုယ်ချင်းခွာလိုက်တော့
"ဒါမျိုးနဲ့ ဘယ်လုံလောက်ပါ့မလဲ"
ပြောပြောဆိုဆို Jeno က သူ့နဖူးကို နှုတ်ခမ်းနဲ့ ဖွဖွလေးထိကပ်လိုက်သည်။ သူ့တစ်ကိုယ်လုံး ထုံကျဉ်သွားသည်။
"ကဲ သွားစို့"
မလှုပ်မယှက်ရပ်နေတဲ့ သူ့လက်ကို ဆွဲပြီး Jeno က သူတို့အတန်းဘက်ကို သွားတော့သည်။ သူ့သဘောနဲ့သူလာနမ်း၊ သူ့သဘောနဲ့သူ အတင်းလက်ဆွဲခေါ်လာသည့် Jeno ကို သူစိတ်ဆိုးသင့်သည်။ အရင်ကလိုသာဆို စိတ်ဆိုးလိမ့်မည်။ အခုတော့ Jeno ကို သူစိတ်မဆိုးမိပေ။ သူ့ကို ကူညီပေးလို့နေမှာပါလေ။
အတန်းထဲ ဝင်ထိုင်တော့မှ Jeno က သူ့လက်ကိုလွှတ်ပေးသည်။ သူကတော့ အဒီအချိန်အထိ ဘာလုပ်ရမှန်းမသိ ရှိုးတိုးရှန့်တန့်ဖြစ်နေဆဲ။
"Renjunnie လေး ရှက်နေတာလား"
Jeno ပြောတော့မှ သူ့ပါးပြင်တွေက ပူနေတာသတိထားမိသည်။
"တချို့တွေများကြတော့ အစကတော့ မတွဲချင်ဘူး ဘာဘူးနဲ့ အခုတော့ ဘေးနားက လူတွေထိုင်နေတာတောင် မမြင်ရပါလား"
အသံကြားမှ သူတို့အတန်းမှာ Haechan တို့နှစ်ယောက် ထိုင်နေတာတွေ့သည်။
"ဟို အဲဒါက"
"ထားလိုက်ပါ Haechan ရယ် ။သူ့မှာ ရင်ခုန်ရလွန်းလို့ရူးမှာပဲဖြစ်နေတာကို မစပါနဲ့ကွာ"
Chenle ကပါ ပြောတော့ သူရှက်လို့လာသည်။ သူတို့ပြောလည်း ပြောချင်စရာ။ သူကိုယ်တိုင်က ဘာမှမမြင်တော့တာ။
ဘေးနားလေးက တရားခံလေးကတော့ သူ့ကို မျက်လုံးကွေးကွေးလေးတွေနဲ့ကြည့်လို့နေသည်။
*
ညကျတော့ Taeha က ဖုန်းဆက်လာသည်။
"မင်းနဲ့ Lee Jeno က ဘာလဲ"
"တွဲနေကြတာလေ"
တစ်ဖက်က အသံက ခဏရပ်သွားသည်။
"ဘယ်တုန်းက စတွဲဖြစ်တာလဲ။ ငါတောင် မသိလိုက်ဘူး"
မင်းက ဘာမို့ ပြောပြနေရမှာလဲ လို့ ပြောချင်ပေမယ့် သူက လူလိမ္မာလေးမဟုတ်လား။ ပြီးတော့ စိတ်ဆိုးစရာအကြောင်းက ခိုင်မှ မခိုင်လုံတာ။ သူ့က ခန့်မှန်းချက် သက်သက်နဲ့သာ ဖြစ်တာမို့ ပြေပြေလည်လည်‌ပြန်ပြောလိုက်ပါသည်။
"သူလိုက်နေတာတော့ ကြာပြီ။ ငါက လက်ခံလိုက်တာတော့ သိပ်မကြာသေးဘူး"
ဟိုဘက်က သက်ပြင်းချသံသဲ့သဲ့ကြားသည်။
"အေးပါ။ ဂရုစိုက်ဦးနော်။ သူ့အကြောင်းက သိတယ်မို့လား"
သိတယ်ဟု ‌ပြောပြီး ဖုန်းချလိုက်သည်။
တွဲဖို့ဆုံးဖြတ်လိုက်တာ မှန်လားမသိပေမယ့် Lee Jeno က သူငယ်ချင်းတစ်ယောက်လိုဆိုရင်တော့ ခင်ဖို့ကောင်းပါသည်။ ကျန်တာကတော့ သူ့နှလုံးသားပါပဲ။ တစ်ချိန်ကျ ထွက်သွားမယ့်လူတစ်ယောက်ကို သူ့နှလုံးသားက တွယ်ငြိမသွားဖို့မျှော်လင့်ပါသည်။ မဟုတ်သေးဘူး။ မတွယ်ငြိဖို့ ကြိုးစားရပါမည်။

Fall in love casually Where stories live. Discover now