Renjun ၊ Haechan နှင့် Chenle တို့ သုံးယောက်သား ကန်တင်းရောက်နေကြသည်။ သူတို့က တက္ကသိုလ်ရောက်ကတည်းက တတွဲတွဲဖြစ်သည်။ မေဂျာလည်းတူသည်မို့ စားအတူ သွားအတူများဖြစ်သည်။
"ဒီနေ့ ရာသီဥတုမကောင်းပါလား"
Haechan က ပြောတော့ Chenle က ဆိုင်အပြင်ကိုကြည့်သည်။
ပတ်ဝန်းကျင်သည် လေပြည်သာတစ်ချက်တစ်ချက်တိုက်နေသည်။ ကောင်းကင်သည်လည်း ပြာလွင်နေသည်။"ရူးနေလား"
"Renjun မျက်နှာကို ကြည့်ကွ။ အမြဲတမ်း ဟို ကလေးနဲ့ပဲ ချက်မနေနဲ့"
ထိုအခါမှ Chenle က ဖုန်းကို စားပွဲပေါ်တင်လိုက်သည်။
"ပြောပါဦး Haung Renjun shi။ မင်းကို ဘယ်သူဆွလိုက်ပြန်ပြီလဲ"
"အေးလေ တစ်မနက်လုံး ဆူပုတ်နေတာ"
"မင်းတို့ပဲ ငါ့အကြောင်းသိ။ ငါမျက်နှာမကောင်းတာလည်းသိတယ်"
Renjun ပြုံးစိစိနှင့်ပြောတော့ Chenle က နှာခေါင်းရှုံ့ပြသည်။
"Taeha ကြောင့်ကွ"
"မင်းတို့နှစ်ယောက်က ဘာဖြစ်လို့လဲ ရန်ဖြစ်တာလား"
"မဟုတ်ဘူး။ မနေ့ညက သူနဲ့ ငါနဲ့ လိုင်းပေါ်စကားပြောကြတယ်ကွာ။ ပြီးတော့ ဒီနေ့ကျတော့ သူ့ကောင်မလေးပုံကို တင်ထားတယ်"
"ဪ မင်းကလည်း ဘာများလဲလို့၊ သူ့ကောင်မလေးပုံပဲ တင်မှာပေါ့"
Haechan က မှတ်ချက်ပေးသည်။
"ပုံတင်တာက ဘာမှမဟုတ်ပေမယ့် ငါနဲ့ စကားပြောဖြစ်ရင် နောက်နေ့တင်တာကွ။ သိတယ်မလား သူ့ acc ကို ကောင်မလေးက ဝင် checkပြီး ဘာညာ ဘာညာ ပြောလို့ လို့ ထင်တာပဲ"
"အေး ဟုတ်တယ် ။ ငါလည်း အဲ့လို ခံစားရတယ်"
Chenle က ဝင်ပြောသည်။
"မင်းတို့ သိပါတယ်။ ငါကလည်း ငါ့ကို အဲ့လိုအထင်လွဲတာတွေ သိပ်မုန်းတာ။ အခုကကွာ ငါက Taehaအပေါ် သူငယ်ချင်းလိုပဲ။ ငါသာ အဲ့ကောင်ကို ကြိုက်တယ်ဆိုရင် သူနဲ့ အခုလို တွဲနေမှာတောင်မဟုတ်ဘူး။ ငါနဲ့တွဲနေမှာပေါ့"
"ဒါပေါ့" "ဒါပေါ့"
Taeha က Chenle နှင့် သိပ်မခင်သော်လည်း Renjun ရော Haechan နှင့်က တော်တော်လေးရင်းနှီးသည်။ ပြီးတော့ Taeha နှင့် Renjun သာ တစ်ခုခုထူးခြားရင် သူတို့နှစ်ယောက်အရင်ဆုံးသိမှာပင်။
"မာနထိခိုက်တယ်ကွာ"
"အာအီဂူး ငါတို့ Renjun လေး"
Haechan က သူ့ပါးကိုလာဖဲ့၍ လက်ကို ရိုက်လွှတ်လိုက်သည်။ Chenle က သူတို့နှစ်ယောက်ကိုကြည့်ရင်း ရယ်နေသည်။ပြီးမှ တစ်စုံတစ်ခုကို သတိရသွားဟန်နှင့်
"Lee Jeno နဲ့က ဘယ်လိုဖြစ်သွားပြီလဲ"
YOU ARE READING
Fall in love casually
Fanfictionတစ်ချိန်ကျ ထွက်သွားမယ့်လူတစ်ယောက်ကို သူ့နှလုံးသားတွယ်ငြိမသွားဖို့ မျှော်လင့်ပါသည်။