"Lee Jeno နဲ့ က ဘယ်လိုဖြစ်သွားပြီလဲ"
"ဘာကို ဘယ်လိုရမှာလဲ။ မင်းတို့ကို ပြောထားတာ အကုန်ပဲ။ ဒီနေ့မတွေ့သေးဘူး"
"ဒီနေ့ မတွေ့သေးဘူးဆိုတော့ မင်းက ငါ့ကို စောင့်နေတာလား"
သူ့နား,နားကပ်ပြောလာသည့် Lee Jeno အသံကြောင့် လန့်သွားသည်။ တဒိတ်ဒိတ်ခုန်သွားသည့်ရင်ကို တည်ငြိမ်အောင်လုပ်နေစဉ် Lee Jeno က သူ့ ဘေးကခုံတွင်ဝင်ထိုင်လိုက်သည်။
"လန့်လိုက်တာ မပြောမဆိုနဲ့"
Renjun က ဆူပုတ်ပုတ်နှင့်ပြောတော့ Jeno က သူ့မျက်လုံးကွေးကွေးလေးများပေါ်အောင် ပြုံးပြသည်။
အမယ် မသိရင် Renjun ကို ပစ်ကြွေသလိုပုံစံမျိုးနဲ့။
Renjun က နှာခေါင်းရှုံ့လိုက်သည်။
"Lee Jeno ဘာလို့ ငါ့ကို လိုက်နှောင့်ယှက်နေတာလဲ"
"မနှောင့်ယှက်ပါဘူး။ မင်းကို စဉ်းစားဖို့ပြောထားတာလေး အဖြေလာတောင်းတာ"
"ရတယ် အခုပေးလိုက်မယ်။ မတွဲဘူး။ OK?"
"အိုကေ။ မင်းက မတွဲချင်တော့ တွဲအောင်လုပ်ရလိမ့်မယ်"
Renjun စိတ်လေသွားသည်။ တကယ်ပဲ Lee Jeno က ဘာလဲ။ အေးအေးဆေးဆေးနေချင်သည့် သူ့ကိုမှ လာဇာတ်ရှုပ်နေသည်။
"Lee Jeno ငါကလေ သာမန်ကောင်လေးတစ်ယောက်ပါ။ မင်းတွဲနေကျ လူတွေလို အလန်းဇယားလည်းမဟုတ်ဘူး။ ဇာတ်ကားတွေထဲကလို playboy နဲ့တွဲပြီး ငိုပြီးကျန်ခဲ့မယ့် ရိုးသားတဲ့လူလည်းမဟုတ်ဘူး။ အမှန်အတိုင်းပြောရရင် ငါက စိတ်ဝင်စားစရာမကောင်းတာမို့ ငါ့ကိုလွှတ်ထားပေးပါလား"
သူ အမှန်အတိုင်းပြောမိသည်။ သာမန်ကောင်လေးတစ်ယောက်က နာမည်ကြီးတစ်ယောက်နှင့်တွဲပြီး စိတ်ရှုပ်စရာမရှာချင်ပါ။ ပြီးတော့ Lee Jeno ဆိုသည်မှာ သူကစား၍ဝသွားသည့်အခါ သူ့ကို ထားခဲ့မည်ဖြစ်သည်။ Renjun ကတော့ သူသဘောကျသည့်သူကိုသာ တွဲချင်သူဖြစ်သည်။
"သာမန်ကောင်လေးက ငါ့အတွက် ထူးဆန်းနေလို့လေ။ ကျန်တာတွေက ရိုးသွားပြီ"
"F*CK ပဲ Lee Jeno"
ကစားဖို့အတွက် ကုန်ကြမ်းလာရှာနေသည်။
Renjun ဒေါသထွက်ထွက်နှင့် ထိုင်နေရာက ထွက်လာလိုက်သည်။ ဟိုနှစ်ကောင်က သူ့ကို ပြူးတူးပြဲတဲကြည့်ပြီးကျန်ရစ်သည်။
YOU ARE READING
Fall in love casually
Fanfictionတစ်ချိန်ကျ ထွက်သွားမယ့်လူတစ်ယောက်ကို သူ့နှလုံးသားတွယ်ငြိမသွားဖို့ မျှော်လင့်ပါသည်။