11

60 9 0
                                    

ဒီနေ့ Jeno က အပြင်သွားရအောင်လို့ ပြောထားသဖြင့် အိမ်မှာ စောင့်နေသည်။ စိတ်ကတော့ သိပ်မကြည်ပါဘူး။ လေးနာရီမှ ကျောင်းက ပြန်ရောက်တာကို ငါးနာရီတွေ့ရအောင်ဆိုတော့ ကျောင်းကပြန်လာတာတောင် ကောင်းကောင်းမနားရပေ။ Lee Jeno အစုတ်ပလုပ်လေး။
"Renjun စောင့်နေတာလား"
"မင်း လာမယ်ဆိုလို့ စောင့်နေတာလေ"
"ငါတို့ Renjun လေးက စောင့်နေတာပဲ"
သူ့ဆံပင်တွေကို လာဖွနေသည်။
"ဖယ် ဖယ်"
Jeno လက်တွေကို ဖယ်ပစ်ပေမယ့် သူ့စိတ်ထဲမှာ ပျော်သလိုပါပဲ။
"ကျောင်းက ပြန်လာတာကို နားကိုမနားရဘူး"
"ပျော်သွားမှာပါ Renjunnie ရဲ့"
Jeno က သူ့လက်ကိုဆွဲပြီး အိမ်ရှေ့ခေါ်လာသည်။
"အသားယူပြန်ပြီ"
သူက မျက်စောင်းထိုး‌ပြီးပြောပေမယ့် Jeno က ပန်းနဲ့ပေါက်သလို ပြုံးပြုံးပါပဲ။
"သဘောကျနေရဲ့နဲ့"
Jeno လက်ခုံကို ဆိတ်ဆွဲလိုက်သည်။
"တက်လေ"
အိမ်ရှေ့မှာ ရပ်ထားတဲ့ စက်ဘီးပေါ် Jeno က တက်ပြီးပြောသည်။ စက်ဘီးပေါ်တက်လိုက်တော့
"ခါးကိုဖက်ထားနော်"
Jeno ခါးကို လိမ်ဆွဲလိုက်သည်။
"အ အ နာတယ်"
"အသားယူဦး"
"အမယ် မင်းက အသားယူရတာပါနော်"
သူတို့နှစ်ဦးပြိုင်တူ ရယ်မိကြသည်။
စက်ဘီးစထွက်တော့ Jeno သဘောအတိုင်း ခါးကို ဖက်လိုက်မိသည်။ Jeno ကျောကို ပါးအပ်လိုက်သည်။ ဒီလိုလေးသာဆို ဘယ်လောက်ကောင်းမလဲ။ Jeno သာ သူ့အတွက်ရှိပေးရင် သိပ်ကောင်းမှာပဲ။ အဲ့လိုစဉ်းစားမိပေမယ့်လို့ Jeno ဆိုတာ တစ်နေ့ကျ ထွက်သွားမှာပဲလို့ တွေးမိတော့လည်း စိတ်မကောင်းဖြစ်ရပြန်သည်။ အခုတောင် Taeha တို့ ကိစ္စက ငြိမ်နေပြီ။ Jeno နဲ့သူလည်း ခွဲရဖို့နီးလာပြီ။ ဒါပေမယ့်လည်း သူငယ်ချင်းလောက်တော့ ဆက်ဖြစ်နေဦးမှာပါလေ။ Jeno က မဖြစ်ချင်ဦးတောင် သူက ဆက်ပြီးခင်‌ချင်သေးပါသည်။
"ဘာတွေတွေးနေတာလဲ"
Jeno က စက်ဘီးစီးနေရင်းက မေးသည်။
"ဒီလိုပါပဲ"
"ပြောပြလို့ရလား"
"မင်းနဲ့လမ်းခွဲပြီးရင် ဘယ်လိုနေမလဲ စဉ်းစားနေတာ"
လေထုက တိတ်ဆိတ်သွားသည်။
"သူငယ်ချင်းလိုတော့ ဆက်ပြီးခင်နိုင်ဦးမလား"
"Renjun ရေ အခု အကြောင်းပဲ စဉ်းစားရအောင်လေ"
အခုပဲလား Jeno ရယ်။
"အခု ပျော်လား"
"ပျော်တယ်"
မင်းစကားကြောင့် နည်းနည်းစိတ်မကောင်းဖြစ်ရပေမယ့် တကယ်ပါ အခုပျော်ပါတယ်။ မင်းနဲ့အတူ မြို့ကို ပတ်ပြီး စက်ဘီးစီးရတာ‌ ပျော်ပါတယ်။
စက်ဘီးနောက်မှာ သစ်ပင်တွေက တဖြေးဖြေးကျန်ရစ်သည်။ လမ်းမီးတွေတောင် လင်းနေပြီ။

Fall in love casually Where stories live. Discover now