Renjun တစ်ယောက် နံနက်မိုးလင်း မျက်လုံးစပွင့်သည့် အချိန်မှ၍ ခေါင်းထဲတွင် တွေးနေမိသည်မှာ Lee Jeno နှင့် သူ ဒီနေ့ကစတွဲမည့် အကြောင်းပင်ဖြစ်သည်။ လူကနိုးနေသော်လည်း စောင်ထဲက မထွက်ချင်၍ ဟိုလှိမ့်သည်လှိမ့် လုပ်ရင်းတွေးနေမိသည်။ သူများတကာ ရည်းစားရရင် နံနက်ကို ဖုန်းဆက်ပြီးနှိူးကြသည်ဟု ကြားဖူးသည်။ Lee Jeno တစ်ယောက် အခုချိန် အိပ်ယာထပြီလားဟု တွေးမိသည်။ သူက စပြီးဖုန်းဆက်မည်ကြံသော်လည်း ဖုန်းနံပါတ်မသိ၍လက်လျှော့လိုက်သည်။ တစ်ဆက်တည်းမှာပင် သူ့နံပါတ် Lee Jeno ထံ ရှိပါ့မလားဟု တွေးမိသည်။
Renjun သူ့ကိုယ်သူ Lee Jeno အကြောင်းတွေးမှန်းသိတော့ ရယ်ချင်သွားသည်။
"အရူးလေး ဟိုကဖြင့် မင်းကို စိတ်ထဲတောင် ထည့်ပါ့မလား"
မျက်နှာသစ် ၊အဝတ်အစားလဲပြီး မနက်စာစားဖို့ အောက်ထပ်ကို ဆင်းလာခဲ့သည်။
ဒေါက် ဒေါက်။
သူအောက်ထပ်ရောက်တဲ့အချိန်မှာပဲ အိမ်တံခါးခေါက်သံကြားရသည်။
"ဘယ်သူ အဲ Lee Jeno"
တံခါးဖွင့်လိုက်သည့်အခါ တွေ့လိုက်သည့်လူကြောင့် ကြောင်သွားရသည်။
"ဟုတ်ပါ့ မင်းရည်းစားအသစ်စက်စက်လေး"
ပြုံးစစနဲ့ပြောလာတဲ့ Lee Jeno ။
"ဘာလာလုပ်တာလဲ"
"ကျောင်းအတူတူသွားရအောင် လာခေါ်တာလေ"
"မနက်စာမစားရသေးဘူး"
"ငါလည်း မစားရသေးဘူး။ လမ်းကျမှ ဆိုင်တစ်ဆိုင်မှာ ဝင်စားရအောင်လေ"
သူတို့အိမ်က မနက်စာနဲ့ ညစာကိုဖြစ်အောင် အတူတူစားလေ့ရှိသည်။ နေ့လယ်ကျတော့သာ ဖေဖေက အလုပ်မှာ သူက ကျောင်းမှာမို့ အတူတူမစားဖြစ်ကြတာဖြစ်သည်။
"သားရေ မနက်စာစားရအောင်လေ"
မေမေက မီးဖိုထဲက ထွက်လာသည်။
"သူငယ်ချင်းရောက်နေတာကိုး"
"မင်္ဂလာပါဗျ ။ Lee Jeno လို့ခေါ်ပါတယ်"
Lee Jeno တို့ မျက်လုံးပြုံးလေးတွေပေါ်အောင်ပြုံးပြပြီး လိမ္မာချင်ယောင်ဆောင်နေသည်။
"သားလည်း လာစားလေ"
"ရပါတယ်ဗျ"
မနက်စာမစားရသေးသူကို သူစားနေတာကို ထိုင်မကြည့်စေချင်ပေ။ အရင်က သိပ်မခင်ဘူးဆိုရင်တောင် အခုက သူ့ကို ကူညီပေးနေတဲ့သူမဟုတ်လား။
"ဘာကို ရ ရမှာလဲ။ မေမေ သူ မနက်စာမစားရသေးဘူးတဲ့"
"လာပါ သားရယ် ။ အားမနာပါနဲ့"
မေမေကပါ ဝိုင်းပြီး ပြောတော့ Lee Jeno တို့ဘယ်ငြင်းနိုင်ပါ့မလဲ။
YOU ARE READING
Fall in love casually
Fanfictionတစ်ချိန်ကျ ထွက်သွားမယ့်လူတစ်ယောက်ကို သူ့နှလုံးသားတွယ်ငြိမသွားဖို့ မျှော်လင့်ပါသည်။