6

64 10 0
                                    

Huang Renjun နဲ့ စပြီးတွဲခဲ့တဲ့ ဒီနေ့ကို သူဘယ်လိုမှ မေ့လို့ရမှာမဟုတ်ဘူး။ နွေးနွေးထွေးစားခဲ့ရတဲ့ မနက်စာထမင်းဝိုင်းလေးကိုလည်း အမြဲသတိရနေမှာ။ သူ့ဘဝမှာ သူမှတ်မိသလောက် မိသားစုအတူတူ မစားဖြစ်တာကြာပြီ။ သူအိပ်ရာထရင် ဖေဖေနဲ့မေမေက အလုပ်သွားပြီဖြစ်ပြီး ညကျရင်လည်း သူက နောက်ကျမှ အိမ်ပြန်လာတတ်သည်။
"ဘယ်လိုလုပ်ပြီး အိမ်ကို သိတာလဲ"
ကားထဲ ရောက်ရောက်ချင်း Renjun က မေးသည်။
"လွန်ခဲ့တဲ့ တစ်ပတ်က ဒီလမ်းထဲ ပြောင်းလာတာလေ"
"ဪ"
Renjun က မျက်နှာကို ရှုံ့လိုက်သည်။
"ဘာဖြစ်တာ"
"အဲ့ဒါနဲ့ပဲ ငါ့ကိုမျက်စိကျသွားတာလား"
"ဟုတ်ပါ့။ တစ်ရပ်ကွက်တည်းသားလေးဆို ဘယ်လိုနေမလဲပေါ့"
Renjun က သူ့လက်မောင်းကို လက်သီးနဲ့ထိုးသည်။
"အခုဘယ်လိုနေလဲ"
"ထမင်းစားရတယ်လေ။ ရည်းစားထက် သူငယ်ချင်းရသလိုပဲ"
"ဒါဆိုရင် သူငယ်ချင်းလုပ်ရအောင်"
Huang Renjun က ဘယ်လိုလေးလဲ။ တွဲပါတယ်ဆိုခါမှ သူငယ်ချင်းလုပ်ချင်ရပြန်ပြီ။ ကလေးလိုဖြူစင်လှသည်။
"တွဲပါတယ်ဆို ဘယ်က သူငယ်ချင်းက ရောက်လာ"
Renjun မျက်နှာလေး ရဲနေတာကို မျက်လုံးထောင့်က မြင်ဖြစ်အောင်မြင်လိုက်သည်။
"Renjun မင်းသိလား။ မင်းက ထင်ထားတာထက် ပိုပြီးချစ်စရာကောင်းတယ်"
အရိုးသားဆုံးပြောလိုက်ခြင်းသာ။
"တိတ်စမ်း။ ငါ့ကို ရင်ခုန်အောင် မြူဆွယ်မနေနဲ့"
ပြီးတော့ နှစ်ယောက်သား ပြိုင်တူရယ်မိကြသည်။
"ဒါနဲ့ အိမ်မှာ မနက်စာမစားခဲ့တာလဲ"
ကားမောင်းနေရာကနေ Renjun ကို စောင်းငဲ့ကြည့်တော့
"မကျွေးချင်လို့မဟုတ်ပါဘူး။ သိချင်ရုံတင်ပါ။ မပြောလည်းရပါတယ်"
Renjun က ရှင်းပြရှာသည်။
"အိမ်မှာ ဘယ်သူမှ မအားကြဘူးလေ။ ငါအိပ်ရာ ထရင် ဖေဖေရော မေမေရော အလုပ်သွားကြပြီ"
"အာ အဲ့လိုလား"
Renjun က လူကြီးလေးလို ခေါင်းတဆတ်ဆတ်ငြိမ့်သည်။
"နောက်ရော ထမင်းကျွေးဦးမှာလား"
"မသိဘူးလေ"
ကားပြတင်းဖက်ကို လှည့်သွားတဲ့ မျက်နှာလေးမှာ ပြုံးရိပ်တွေတွေ့ရ၏။ နည်းနည်းတော့ရင်းနှီးလာပြီထင်ပါရဲ့။

Fall in love casually Where stories live. Discover now