ပွဲပြီးတော့ Renjun ထိုင်နေတဲ့နေရာဆီ သွားလိုက်သည်။ Renjun က သူတို့အပျော်ကန်တဲ့ ဘောလုံးပွဲကို လာကြည့်တာဖြစ်သည်။ ခေါ်လာလာချင်းကတော့ သိပ်ကြည်သလိုပေမယ့် ပွဲကြည့်နေရင်း စိတ်ပါသွားတာများ အော်ဟစ်ခုန်ပေါက်လို့နေသည်။ Renjun စိတ်လွတ်ကိုယ်လွတ်အားပေးနေတာကို ပထမဆုံးအကြိမ် သူမြင်ဖူးခြင်းဖြစ်သည်။
Renjun က သူ့ကို ဖျော်ရည်ဘူးတစ်ဘူး ကမ်းပေးလာသည်။
"ငါ့ရည်းစားလေးက အလိုက်သိလိုက်တာ"
Renjun က မျက်စောင်းပိစိလေးထိုးလိုက်သေးသည်။
ဘူးက ဖွင့်ပေးပြီးသားမို့ လက်ထဲရောက်တာနဲ့ မော့သောက်လိုက်သည်။ စိတ်ထဲမှာလည်း နည်းနည်းတော့ တမျိုးလေး။ အင်း ကြည်နူးတယ်ဆိုရမလား။
"ဘယ်လိုလဲ"
"မဆိုးပါဘူး။ မင်းကန်တာကောင်းတယ်"
"မောလိုက်တာ"
"လှုပ်ရှားလိုက်ရတာကိုး"
ပြောပြောဆိုဆို Renjun က သူ့မျက်နှာပေါ်မှာရှိသည့် ချွေးစများကို တစ်ရှူးလေးနှင့် ဖွဖွလေးတို့သုတ်ပေးသည်။ ရင်ထဲမှာ တလှပ်လှပ်ဖြစ်လို့လာသည်။ အရင်ကတွဲခဲ့တဲ့သူတွေတုန်းကလည်း ဒီလိုမျိုးလုပ်ပေးခဲ့တာတွေရှိပေမယ့် ဒီလိုမခံစားရပေ။ ဒီ Huang Renjun လေးနဲ့ကျမှ သူ့ရဲ့ အပြုအမူသေးသေးလေးကအစ တစ်မျိုးတစ်မည်ခံစားရစေသည်။
*
Jeno တို့ ဘောလုံးကန်ကြတာက လမ်းထိပ်တင်မို့ နှစ်ယောက်သား လမ်းလျှောက်ပြီး ပြန်လာရာကနေ Jeno က အိမ်မပြန်တော့ဘဲ သူ့အိမ်ကို လိုက်အိပ်မယ်ဖြစ်လာသည်။ တားပေမယ့်လည်းမရ။ အိမ်ရောက်တော့လည်း ချွေးတွေနဲ့မို ရေချိုးမယ်လုပ်နေတာမို့ တားထားရသေးသည်။ ချွေးမတိတ်ခင်ရေချိုးပြီး ဒုက္ခရောက်နေမှဖြင့်..
ဒါကြောင့် သူက အရင်ချိုးလိုက်ပြီး နောက်မှ Jeno ကို ချိုးခိုင်းရသည်။ တကယ်ကို သူလုပ်ချင်တာ လုပ်တတ်သည့် ကလေးလေး။ လုပ်ချင်တာလုပ်တယ်ဆိုပေမယ့်လည်း သေချာရှင်းပြရင် နားထောင်တတ်သည့် ကလေးလေးဖြစ်သွားပြန်သည်။
"ငါပြီးပြီ"
ရေချိးဝတ်စုံနဲ့ Jeno က သူ့မျက်လုံးထဲတွင် ဆွဲဆောင်မှုပိုရှိနေသလိုပင်။ ရင်ခုန်သွားတာကို မေ့လိုက်ပြီး ခုတင်ပေါ်ရှိ သူထုတ်ပေးထားသည့် အဝတ်ပုံကို ညွှန်ပြလိုက်သည်။
"အဲ့ဒီမှာ မင်းဝတ်ဖို့"
"ငါနဲ့တော်မှာပါနော်"
ဒီ Lee Jeno ။
"မတော်ရင်လည်း မဝတ်နဲ့"
စိတ်ပေါက်ပေါက်နဲ့ ထအော်လိုက်မှ သူမဟုတ်သလို လုပ်နေသည်။ ဒါတောင် မကြားတကြားနဲ့ ပြောသေးသည်။
"လူသေးသလောက် စိတ်ကလည်းပေါက်စ"တဲ့။

YOU ARE READING
Fall in love casually
Fanfictionတစ်ချိန်ကျ ထွက်သွားမယ့်လူတစ်ယောက်ကို သူ့နှလုံးသားတွယ်ငြိမသွားဖို့ မျှော်လင့်ပါသည်။