ဆရာ မလာသေးသဖြင့် Renjun တို့ သုံးယောက်သား ရောက်တတ်ရာရာ စကားပြောနေကြသည်။ Taehaအကြောင်းကလည်း မပါမဖြစ်။ အဲ့ဒီအတွဲက ဘာဖြစ်ချင်နေသည်မသိ သူ့ကို လာ လာ ဆွနေသလိုပင်။ ကောင်မလေးကပိုဆိုးသည်။ Renjun တစ်ခါမျှ စကားမပြောဖူးသော်လည်း စိတ်ကတမျိုးဖြစ်နေသည်။
"Lee Jeno"
Haechan စကားကြောင့် သူမျက်မှောင်ကြုံ့လိုက်သည်။ Lee Jeno က သူနှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ရင်း လက်တစ်ဖက်က သူ့မျက်ခုံးနှစ်ခုကြားကို ဖွဖွလေးဖိလာသည်။
သူ စိတ်တိုတိုနှင့် လက်ကိုရိုက်လိုက်သည်။
"အဟား Renjunnie က အမြဲ ဆူပုတ်ကောက်ချိတ်နေတာမို့ အရေးအကြောင်းတွေထင်မှာမို့ပါကွာ"
"ဝါး Lee Jeno "
Chenle နှင့် Haechan နှစ်ယောက်လုံး ထအော်ကြသည်။
"Jeno က Renjunကို တွဲချင်တာ တကယ်လား"
Chenle က မေးသည်။
"အွန်း"
"ဒါဆို တွဲလိုက်တော့ကွာ Renjun"
Chenle က တိုက်တွန်းသည်။
ဒီကောင်။
"Zhong Chenle"
"တကယ်ပြောတာ Renjun။ မင်းမှာသာ တွဲတဲ့သူရှိရင် Taehaကောင်မလေးလည်း မင်းကို တောင်ထင် မြောက်ထင် မထင်တော့ဘူး"
"ဟုတ်တယ်ကွ"
Haechanက ထောက်ခံသည်။
"ငါက သူတို့အတွက်နဲ့ လူတစ်ယောက်ကိုတွဲရမယ်ပေါ့။ မတန်လိုက်တာ"
"မင်းသာ တစ်ယောက်ယောက်နဲ့ တွဲကြည့် အဲ့ဒါအဆင်ပြေသွားမယ်"
"ပြီးတော့ Jenoကလည်း မင်းကို တွဲချင်တယ် ဆိုတော့ နှစ်ဦးနှစ်ဖက် အကျိုးရှိတာပေါ့"
Haechanနှင့် Chenleတို့ အလေးအနက်ကို ဆွေးနွေးနေကြသည်။
"ငါက ကစားခံရမှာ သိသိကြီးနဲ့ လည်စင်းပေးရမှာလား"
"အဲ့ဒါဆို မင်းက ရိုးသားတဲ့ တစ်ယောက်ကို မင်းကိုယ်ကျိုးအတွက် အသုံးချမှာလား"
သူတို့စကားဝိုင်းကို တိတ်ဆိတ်စွာ နားထောင်နေသည့် Jeno က ဝင်ပြောသည်။သူ အနည်းငယ် တွေဝေသွားသည်။
"ဒါပေမယ့် မင်းကရော အဆင်ပြေပါ့မလား"
တကယ်လို့ Jenoနေရာမှာ သူသာဆို သိသိကြီးနှင့် အသုံးချ မခံနိုင်ပါ။
"ငါက အိုကေ ပါတယ်။ မင်းနဲ့ တွဲရမှာပဲ"
ရယ်ကျဲကျဲနှင့် Jeno က ဆိုသည်။
သည်လိုနှင့် Haung Renjun တစ်ယောက် Lee Jeno နှင့် တွဲရန် ဖြစ်လာတော့သည်။
YOU ARE READING
Fall in love casually
Fanficတစ်ချိန်ကျ ထွက်သွားမယ့်လူတစ်ယောက်ကို သူ့နှလုံးသားတွယ်ငြိမသွားဖို့ မျှော်လင့်ပါသည်။