"မနေ့က Taeha ဖုန်းဆက်တယ်"
Renjun စကားကြောင့် သူထိတ်ခနဲဖြစ်သွားသည်။ Taeha က Renjun ကို ဖွင့်ပြောလိုက်တာတော့ မဟုတ်ဘူးမဟုတ်လား။ Taeha က သူ့ကို ကြိုက်နေတာကို Renjun ကလွဲရင် အားလုံးရိပ်မိကြသည်။ ဒါပေမယ့်လည်း အဲ့ဒီကောင်က ဘာကြောင်ပြီး အခုကောင်မလေးနဲ့ ရည်းစားဖြစ်သွားသည်မသိ။ ဘာပဲဖြစ်ဖြစ် အဲ့ဒီကောင်မလေးကြောင့်ပဲ သူနဲ့ Renjunတွဲဖြစ်ခဲ့တာမို့ ကျေးဇူးတင်ရမလိုပင်။
"ဘာတဲ့လဲ"
"မင်းနဲ့အကြောင်းမေးတာပါ"
"ဘယ်လိုပြောလိုက်လဲ"
"တွဲနေတယ်လို့ပြောလိုက်တာပေါ့။ ဘယ်လိုပြောရမှာလဲ"
Renjun ရဲ့ ခပ်စွာစွာ လေသံလေးပေါ်လာသည်။ စိတ်တိုလွယ်တဲ့ ကလေးလေးပဲ။
"မင်းနဲ့ Taeha က ဘယ်လိုပတ်သတ်တာလဲ"
"သူငယ်ချင်းလေ"
Renjun က လွယ်လွယ်ကူကူပင်ဖြေသည်။ တကယ်ကို Renjun ဘက်က ရိုးသားပုံရသည်။ Taeha က သဘောကျနေတာတောင်သိပုံမပေါ်ပေ။
"မင်းနဲ့က ဘယ်လိုခင်တာလဲ။ Haechan တို့ Chenle တို့နဲ့ကျ သိပ်မခင်သလိုပဲ"
"Haechan နဲ့က ပထမနှစ်ကတည်းက သိတာ။ လိုင်းပေါ်မှာ စကားပြောတာတော့ရှိတယ်။ Chenle နဲ့က ဒီအတိုင်း တစ်တန်းတည်းမို့ သိတာလောက်ပေါ့"
"မင်းနဲ့ကကျတော့"
"အစက Chenle လိုပဲ။ မျက်မှန်းတန်းမိရုံလောက်ပဲ။ ဒုတိယနှစ်လောက်မှ ခင်လာတာ။ မှတ်မှတ်ရရစာကြည့်တိုက်မှာ တွေ့တာ ။ အဲ့ဒီ နောက်ပိုင်း စကားပြောဖြစ်တာ"
သူနဲ့ဘေးချင်းယှဉ်ထိုင်နေတဲ့ Renjun ရဲ့ ပုခုံးကျဉ်းကျဉ်းလေးပေါ် သူ့ခေါင်းကိုမှီချလိုက်သည်။ Renjun က လက်နဲ့တွန်းဖယ်ဖို့ လုပ်သည်။ အဲ့ဒီလက်ကလေးကို သူက ဖမ်းဆုပ်လိုက်သည်။
"ဖယ်လို့ Lee Jeno"
"မဖယ်ပါဘူး ။ တွဲပါတယ်ဆို ဒီလောက်တော့ ခွင့်ပြုရမယ်"
လက်လေးကလည်း ရုန်းနေတာမို့ ဖိဆုပ်လိုက်သည်။
"လက်တော့ လွှတ်ကွာ"
"မင်းနဲ့ တွဲရတာလည်း မဟန်ပါဘူး။ ဟိုဟာမလုပ်နဲ့။ ဒါမလုပ်နဲ့ တွေ များတယ်"
"မင်းက အသားယူလွန်းတာကိုး"
သူ့နားထင်နားကို လက်ညှိုးလေးနဲ့ ဖွဖွထိုးသည်။
သူဘာမှမပြောဘဲ ပုခုံးလေးပေါ်မှီရင်း မျက်လုံးတွေမှိတ်လိုက်သည်။ ဒီလိုကျတော့လည်း Renjun က ဘာမှမပြောဘဲ တိတ်ဆိတ်လို့နေပြန်သည်။
![](https://img.wattpad.com/cover/361898884-288-k810376.jpg)
YOU ARE READING
Fall in love casually
أدب الهواةတစ်ချိန်ကျ ထွက်သွားမယ့်လူတစ်ယောက်ကို သူ့နှလုံးသားတွယ်ငြိမသွားဖို့ မျှော်လင့်ပါသည်။