4

788 64 6
                                    

ဆောင်းဟွန်း အိမ်ပြန်‌တော့ပင် ညနေတော်တော်စောင်းနေပြီပင်။ မကြာခင် မှောင်တော့မည်ဖြစ်တာကြောင့် ခပ်မြန်မြန်ပင် အိမ်ကို ပြန်လာမိသည် ၊ သူတို့ရပ်ကွက်က မှောင်သွားရင် ယောင်္ကျားလေးလဲ အန္တရာယ် သိပ်များလွန်းလို့ပေ။

ခြေလှမ်းသွက်သွက် ဖြင့်သာ အိမ်သို့ တန်းမတ်နေအောင် ပြန်မိသည်။ တိုက်အောက်က တံခါးကို ဖွင့်နေတုန်း သူ့အား တစ်ယောက်ယောက်က ကြည့်နေတယ်လို့ ခံစားရ၏။

ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့လဲ Van ကားအနက်မှ လွဲ၍ ကျန်တာမရှိ။
ဒီနေ့မှ သော့ဟာလဲ ပျောက်နေသလို။

" ရှီးဘားလ်! "

မ‌ကျေမနပ်ဆဲဆိုလိုက်ရင်း သော့ပွင့်ဖို့သာ အာရုံစိုက်နေမိချိန် အနောက်ကနေ သိုင်းဖက်လာရင်း ပါးစပ်သို့အုပ်လာတဲ့ အဝတ်။

သူ့ထက်တောင့်သည့် လူဖြစ်တာကြောင့် ရုန်းလဲ သူ့အားတွေသာ အပိုဖြစ်လိမ့်မည်။ မျက်ဝန်းများ မမှိတ်ခင် မြင်လိုက်ရတဲ့ မြင်ကွင်းက ‌ကားထဲတွင် သတိလစ် မေ့မျောနေတဲ့ ဂျေးကိုဖြစ်သည်။

မဖြစ်ဘူး။

ဂျေးက ချူချာတယ် ၊ ဂျေး ထိခိုက်လို့မရဘူး ၊ ဂျေးက နာမည်ကြီးတစ်ယောက်။ ဂျေးတစ်ခုခု ဖြစ်လို့မရဘူး။ ဂျေး ဘာမှမဖြစ်ပါစေနဲ့။

" ဂျေး.. "

ဖွင့်မရတော့တဲ့ မျက်ဝန်းတွေဟာ ခနလေးအတွင်းမှာ မှိတ်ကျသွားပြီး နှုတ်က ထွက်လာသည့် နာမ်က မသိစိတ်က ချစ်နေတဲ့ လူတစ်ယောက်နဲ့ နာမ်သာဖြစ်သည်။

MEETING YOU


မူးဝေမှု ခေါင်းမကြည်မှုတွေနဲ့ တစ်ခါမှမမြင်ဖူး‌တဲ့ နေရာမှာ ဆောင်းဟွန်းနိုးလာခဲ့သည်။ မျက်နှာကျက်ဖြူလွှလွှ ၊ အိစက်စက် မွေ့ယာ ၊ အိပ်ယာ၏ ဘယ်ဘက်တွင် ရှိ‌တဲ့ မှန်မျက်နှာစာမှ ကြည့်လိုက်ရင် လှပတဲ့တောင်ကုန်းတွေနဲ့အတူ အနက်ရောင် ဝတ်ဆုံ‌ဝတ်ထားတဲ့ လူအချို့ကို တွေ့နိုင်ပါသည်။

" သခင်လေး ဘာများအဆင်မပြေတာ ရှိပါသလဲ "

ကောင်မလေးတစ်‌ယောက်ရဲ့ 'သခင်လေး' ဆိုတဲ့အသုံးအနှုန်း ကြောင့် ဆောင်းဟွန်းမှာ ကြောင်အသွားရပြန်သည်။ သခင်လေးတဲ့လား ဒီအခန်းထဲမှာ သူရယ် အိမ်အကူကောင်မလေး သုံး‌ယောက်ရယ်ကလွဲလို့ ကျန်တာမရှိပေ။

𝗠𝗘𝗘𝗧𝗜𝗡𝗚 𝗬𝗢𝗨 ✓Where stories live. Discover now