အချိန်မဟုတ် အခါမဟုတ် ညနက်ချိန်၌ မိုးဟာ ရွာချလာသည်။ ကြီးမားလွန်းသည့် အိမ်ထဲတွင် ဆောင်းဟွန်း တစ်ယောက်ထဲရှိနေ၏။ တစ်ဖြေးဖြေး များများလာတဲ့ မိုးမင်းသည် ဆောင်းဟွန်း၏ စိုးရိမ်စိတ်အား မြင့်တက်စေသည်။
အချိန်အားဖြင့် 10 နာရီထိုးတော့မည်။ နောက်ကျမည်ဆိုရင်လဲ 9 နာရီထက် နောက်မကျတတ်တဲ့ ဂျေးသည် ယနေ့မှ ထူးထူးဆန်းဆန်း။
ဆောင်းဟွန်း လိုက်ကာအနည်းငယ်ဟကာ ခြံထဲ ကြည့်မိတော့လဲ မှောင်မိုက်နေတဲ့ ခြံဝန်းထဲက မီးတိုင်များနှင့်အတူ သဲကြီးမဲကြီး ရွာချနေတဲ့ မိုးကလွဲ၍ မည်သူမျှမရှိ။
မုန်းသည်ဟု ဆိုသော်လဲ ဆောင်းဟွန်း စိတ်ထဲကနေ ဂျေး အန္တရာယ်ကင်းအောင် ဆုတောင်းနေမိသည်။
* Tick Tock *
* Tick Tock *
တစ်ချက်ချင်းဆီ စည်းချက်မှန်မှန်ဖြင့် ရွေ့လျားနေတဲ့ နာရီလက်တံတွေနဲ့ ကျော်လွန်သွားသော မိနစ် နာရီ စက္ကန့် တို့။ သို့သော် ဂျေးဟာ ပြန်မရောက်လာခဲ့ပေ။
အောက်ထပ် မြန်မြန်ဆင်းကာ အိမ်ဖုန်းနဲ့ ဂျေးရဲ့ ဖုန်းအား ဆက်ကြည့်တော့လဲ မကိုင်ခဲ့ပေ။
မိုးတွေဟာ ရပ်စဲသွားခြင်း မရှိခဲ့ပေ။ တံခါးဝ၌ ထည့်ထားသော ထီးခြင်းထဲမှ ထီးအား ဆွဲယူရင်း ခြံထဲပြေးဆင်းမိသည်။ လေပါ ပါသည့်မိုးကြောင့် ဆောင်းဟွန်းရဲ့ ကိုယ်လုံးမှ ရွှဲလို့။
" ဆောင်းဟွန်း!! "
မိုးရေထဲ ပြေးလွှားနေတဲ့ ဆောင်းဟွန်းအား ဂျေးဟာ မြင်ခိုက် ကားထဲ ပြေးဆင်းလာ၏။
" ဘာလုပ်တာလဲ သည်းငယ်! မိုးရွာနေတယ်လေ "
မိုးသံတို့နဲ့အတူ ဂျေးရဲ့ အသံဟာလဲ ကျယ်ကျယ် လောင်လောင်။ ထီးမိုးပေးထားတဲ့ ဂျေးရဲ့ မျက်နှာဟာလဲ ခက်ထန်လွန်းသည်။
" ခများ အိမ်ပြန်နောက်ကျတယ်!! "
မိုးသံတို့နဲ့ အတူ ဆောင်းဟွန်း၏ အသံဟာလဲ ကျယ်ကျယ်လောင်လောင်။
" မိုးကလဲ ရွာနေတယ် ထီးကလဲမယူသွားဘူး!! ဘယ်လောက် စိတ်ပူနေလဲ ခများသိလား!! "
YOU ARE READING
𝗠𝗘𝗘𝗧𝗜𝗡𝗚 𝗬𝗢𝗨 ✓
Fanfictionပတ်ခ်ဆောင်းဟွန်းရဲ့ အမှားက ဘယ်ကစလဲလို့မေးရင် Jay Park လိုအတ္တကြီးတဲ့ လူနဲ့တွေ့တဲ့နေ့ကလို့ ဖြေမယ်။ Jay Park ရဲ့ အပျော်ရွှင်ရဆုံးအချိန်က ပတ်ခ်ဆောင်းဟွန်း အနားမှာ ရှိတဲ့အချိန်လို့ ဖြေမယ်