12

464 39 3
                                    

ကျောင်းဝန်း၏ အရှေ့တွင် ကျောပိုးအိတ်လွယ်ရင်း ကျောင်းဝန်းထဲ ထည်တစ်ဆန့်ဆန့် ဖြင့် တစ်စုံတစ်ယောက်အား မျှော်နေတဲ့ ကောင်လေးတစ်ယောက်ရှိသည်။ ဆောင်း၏ အအေးဒဏ်အား ခံနိုင်ရန် ကျောင်း၏ blazer အောက်တွင် hoodie အဖြူတစ်ထည် ဝတ်ထား၏။

ခပ်ချောချော မျက်နှာ‌လေးနဲ့ ကောင်လေးအား 'ချောလိုက်တာ' ဟုနှုတ်က လွှတ်ခနဲထွက်ကာ ကြည့်တဲ့လူနဲ့ အကောင့် လာတောင်းကြတဲ့ လူနဲ့ များပြားနေသည်။

သို့သော် ဤကောင်‌လေး စိတ်ဝင်စားတာ ကျောင်းဝန်းထဲက ထွက်လာတဲ့ ချစ်စရာလူသားလေး ကင်မ်ဆောနူကိုပင်။

" ဆောနူဟျောင်း~~ "

လက်ပြလိုက်တော့ ဆောနူဟာ သူ့ဆီပြေးလာ၏။ အိုကွယ် ချစ်ဖို့ ကောင်းလိုက်ပုံများ။

အအေးဒဏ်ကြောင့် နီရဲနေတဲ့ ပါးမို့မို့နှစ်ဖက် ၊ long coat နှင့်အတူ Loverboy beanie လေးလဲ စောင်းထားသည်မှာ ချစ်စရာကောင်း၏။

" စောင့်နေရတာ ကြာပြီလား မီယာန်းနဲ "

" မကြာသေးဘူး သွားကြမယ်လေ "

နီခီနဲ့ အတူ သူတို့ဦးတည်မိသည်က မုန့်ဈေးတန်း အများဆုံးရှိသည့် မြောင်ဒိုပင် ဖြစ်သည်။ မိနစ်အနည်းငယ်လောက် bus အားစီးရပြီးနောက် သူတို့ရောက်ခဲ့သည်။
စည်ကားလှပြီး တော့ပိုကီ နှင့် အခြားသော အရသာစုံလင်စွာ ရောင်းချသည့် မုန့်ဈေးတန်းတွေလဲ ရှိသည်။

" တော့ပိုကီ နှစ်ပွဲပေးပါ "

ဆိုင်ရှင်ဟာ ဆောနူရဲ့ စကားကြောင့် အငွေ့တွေ တထောင်းထောင်းထနေပြီး အနီရောင်သန်းနေသည့် တော့ပိုကီတို့အား ခွက်ထဲထည့်ကာ ကမ်းပေး၏။ ပြဿနာ က အဲ့မှာ စတာပါပဲ။

" ‌ဟျောင်း ကျွန်တော်ရှင်းမယ် "

" မဟုတ်တာ ငါရှင်းမယ် မင်းဖယ် "

ဆိုင်ရှင်အား သူ့ထက်ငါ အလုအယက် ပိုက်ဆံပေးနေကြတဲ့ လူငယ်လေး နှစ်ယောက်ကြောင့် ဘယ်သူ့ဆီက ယူလို့ယူရမှန်း မသိတော့ပေ။

" ဟျောင်း ပေးရင် ကျွန်တော်စိတ်ဆိုးမှာ "

" မင်းရှင်းလဲ ငါစိတ်ဆိုးမှာ "

𝗠𝗘𝗘𝗧𝗜𝗡𝗚 𝗬𝗢𝗨 ✓Where stories live. Discover now