ဂျေးမရှိတဲ့ အချိန်ခနလေးတောင် ဆောင်းဟွန်းအတွက် နှစ်ပေါင်းများစွာ ကြာမြင့်နေဟန် ရှိ၏။ ဖုန်းအား ဟိုပွတ်ဒီပွတ်ဖြင့် အသစ်မတက်လာသော ဂျေး၏ Instagram account လေးအား ကြည့်နေမိသည်။
ဆောင်းဟွန်း လက်ရာ ဂျေး၏ ဟင်းချက်နေသည့် ပုံလေးဟာ နောက်ဆုံးဖြစ်ပြီး post တင်ဖို့ နေနေသာသာ story တောင်မတင်ပေ။ ဒီလို အချိန် အလုပ်နားတိုင်း အလုပ်နားပြီဖြစ်ကြောင်း Cornie လေးတွေကို လှမ်းသတိပေးတတ်တဲ့ ဂျေးရဲ့ Instagram account လေး တည်ငြိမ်နေသည်မှာ တစ်ပတ်ခန့် ရှိခဲ့ပြီပင်။
* Jay miss you *
ချက်ချင်း seen ပြလာတဲ့ ဂျေးဟာ သူ့ message ကို စောင့်မျှော်နေသည်လား စာပို့ရန် ဖုန်းဖွင့်သည်နှင့် တိုးသည်လားတော့ မသိပေ။
* I miss you too babe *
* မြန်မြန် ပြန်လာခဲ့ပါ လွမ်းနေပြီ ㅜㅜ *
* ကောင်းပါပြီဗျ အလုပ်တွေလက်စသတ်ပြီး ပြန်လာခဲ့ပါ့မယ် မင်းသားလေးရေ *
* (•ө•)♡ *
ချစ်စရာကောင်းတဲ့ emoji လေးနဲ့ ရပ်တန့်သွားတဲ့ conversation လေးဟာ ချစ်စရာကောင်းလျက် ကျန်ရှိနေ၏။
တစ်ချိန်က ဂျေးကို အလံနီဆန်တယ်ဟု ထင်ခဲ့မိပင်မဲ့ တကယ်ချစ်မိသွားတဲ့အခါ ဂျေးက အလံနီမဟုတ်ခဲ့ပေ။ သို့သော် အလံစိမ်းလား ဆိုတော့လဲ မဟုတ်ပြန် တစ်ခါတစ်လေ သူ့အပေါ် ဆိုးသည် ၊ ဆောင်းဟွန်းကတော့ ဒီ မြို့ပြင်က အိမ်ကြီးထဲမှာ ဘယ်မှမသွားရပဲ နေနေရပြီး ဂျေးကတော့ မြို့ထဲက စားသောက်ဆိုင်တွေ မြို့လေတွေရှူပြီး ဇိမ်ကျနေသည်ကိုတော့ မကြိုက်တာ အမှန်ပင်။
အခုလို ပြောရင်လဲ သူက မြို့တစ်ခါမှ မရောက်ဖူးတဲ့ လယ်သမားလေးလို ဖြစ်နေပြန်သည်။
အကျင့်ပုတ်တဲ့ angry bird ကြီး။
" အကိုလေး ဆောင်းဟွန်း စာရောက်ပါတယ် "
" ဟင်? "
ဒီ အိမ်ကြီးကို သူစရောက်တဲ့ နေ့ထဲက စာ ရောက်တယ်ဆိုတာ မရှိ ၊ မဟုတ် ရှိတော့ ရှိပါတယ် တစ်ခါတစ်လေပေါ့ ဒါပင်မဲ့လဲ အဲ့စာတွေက Cornie လေးတွေ ပေးတဲ့စာကို အတွင်းရေးမှူးက ပို့ပေးတာဖြစ်ပြီး အချို့ဟာ အလုပ်အတွက်ပင် ဖြစ်သည်။
YOU ARE READING
𝗠𝗘𝗘𝗧𝗜𝗡𝗚 𝗬𝗢𝗨 ✓
Fanfictionပတ်ခ်ဆောင်းဟွန်းရဲ့ အမှားက ဘယ်ကစလဲလို့မေးရင် Jay Park လိုအတ္တကြီးတဲ့ လူနဲ့တွေ့တဲ့နေ့ကလို့ ဖြေမယ်။ Jay Park ရဲ့ အပျော်ရွှင်ရဆုံးအချိန်က ပတ်ခ်ဆောင်းဟွန်း အနားမှာ ရှိတဲ့အချိန်လို့ ဖြေမယ်