22

414 42 7
                                    

Mission Failed ၍ ပြန်လာသော အယ်ဗန်နဲ့ နီခီတို့အား လေယာဉ်ဆိုက်ဆိုက်ချင်းတွင် ဆောက်နဲ့ ထွင်းလိုက်သော သတင်းမှ ဂျေးရဲ့ ကျန်းမာရေး အခြေအနေဆိုးလာ၍ ဆေးရုံတင်လိုက်ရသည် ဆိုတဲ့ သတင်းကြောင့် ဂျိတ်ခ် ပို့တဲ့ လိပ်စာအတိုင်း မောင်းလာခဲ့သည်။

တောင်ကိုရီးယား ဆိုးလ်မြို့ရဲ့ လမ်းမပေါ်တွင် အရှိန်ဖြင့် မောင်းနှင်နေသော mercedes amg suv gle 63 အဖြူတစ်စီးသည် သတ်မှတ်ထားသော အမြန်နှုန်းထက် ပိုမို မြန်ဆန်နေသော်လည်း တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး အီသန်လီနဲ့ နီရှီမူရာ တို့ ပါဝင်နေသည်မို့ မည်သူမှ ဘာမှမပြောရဲသလို ဘယ်ယာဉ်ထိန်းရဲမှလဲ မဖမ်းရဲကြပေ။

ပို့ထားသော လိပ်စာအတိုင်း သွားတော့ ဂျေးဟာ ကုတင်ပေါ်တွင် ရုန်းကန်နေ‌ကာ သန်မာလှသည့် ဂျေး၏ ခြေထောက်အား သူနာပြုနှစ်ယောက်က ချုပ်ကိုင်ထားပြီး လက်ကိုတော့ ဂျိတ်ခ်နဲ့ ဆောနူက တစ်ယောက် တစ်ဖက်ဆီ ချုပ်ကိုင်ထားသည်။

မနိုင်တော့တဲ့ သူနာပြုနှစ်ယောက်အား ဘေးဖယ်ကာ အယ်ဗန်နဲ့ နီခီက ချုပ်ကာ ဆရာဝန်ဆေးထိုးလို့ ရအောင် ကူညီပေးလေသည်။ စိတ်ငြိမ်ဆေး အကြောထဲသို့ ဝင်သွားပြီးသည့်နောက် ဂျေးရဲ့ ခန္ဓာကိုယ်ဟာ ငြိမ်ကျသွားကာ မျက်လုံးများကလဲ မှိတ်သွားလေသည်။

" လူနာက တကယ် သန်တာပဲဗျာ "

ဆရာဝန်ရဲ့ ရယ်နှောနှော ပြောသံကို ဂျိတ်ခ်က ပြုံးရင်း ခေါင်းညိမ့်ပြ၏။ ဆောနူ ဂျိတ်ခ် အယ်ဗန်နဲ့ နီခီတို့ အပြင် ဆရာဝန်ပါ ချွေးတွေ သီးနေသည်။

" လူနာ သတိရလာရင် ဒီ‌ဆေးလေး တိုက်ပေးပါ "

ဆရာဝန်ပေးတဲ့ ဆေးကို ဆောနူက ယူရင်းဘယ်အချိန် တိုက်ရမလဲကအစ သေချာမေးလေသည် ၊ ဆရာဝန် ထွက်သွားပြီးနောက် ဆေးရုံအခန်းလေးထဲတွင် အလွမ်းသယ်နေသော နှစ်တွဲနှင့် ကုတင်ပေါ်တွင် အိပ်ပျော်နေသော လူငယ်တို့ရှိလေသည်။

" မောင် ဘာဖြစ်ခဲ့သေးလဲ "

" မောင် ဘာမှမဖြစ်ခဲ့ဘူး ကိုကိုက ဘာမှမလုပ်နဲ့လို့ မှာလို့ ဘာဒဏ်ရာမှ မရပဲ ပြန်လာခဲ့တယ် "

" ခြစ်ရာ တစ်ခုခုရော ရခဲ့သေးလား "

ထိုအခါ နီခီက သူ့ရဲ့ ခပ်ထူထူနှုတ်ခမ်းတို့အား ဆူထုတ်ရင်း ဖြေး‌ဖြေးချင်း ခေါင်းညိမ့်ပြ၏။

𝗠𝗘𝗘𝗧𝗜𝗡𝗚 𝗬𝗢𝗨 ✓Where stories live. Discover now