ဂျေးကို ဆန္ဒပြကာ မစားပဲအပေါ်တက်လာတဲ့ ဆောင်းဟွန်းရဲ့ ဗိုက်ဟာ ယခုတွင်တော့ စတင် ဆန္ဒပြလာ၏။ ဒီကိုရောက်တဲ့ နေ့ထဲက ဖြစ်ဖြစ်မြောက်မြောက် စားလာသည်က ဘာမှမရှိတဲ့အတွက် လူဟာလဲ နှုံးချိနေလေသည်။ မူးမလဲတာပဲ ကျေးဇူးတင်ပါတယ်။
* Knock knock *
" ဆောင်းဟွန်း "
တံခါးအား ဖွင့်ကာ ဝင်လာတဲ့ ဂျေးအား ဆောင်းဟွန်း မမြင်ချင်သည့်အလိုငှာ ကျောခိုင်းပြီးသာ အိပ်နေလိုက်၏။ သို့သော် နှာခေါင်းသို့ တိုးဝင်လာတဲ့ ခေါက်ဆွဲအနံ့ ၊ ချဉ်စပ်သည့် အနံ့ ၊ ဆာနေသည့် ဗိုက်အားပိုဆာရန် အမိန့်ပေးနေသည့် အနံ့။
" သည်းငယ် ဗိုက်ဆာနေတာ ကိုကိုသိတာပေါ့ အဲ့တာကြောင့် ကိုကို တစ်ခုခုလုပ်လာပေးတယ် "
လျှင်မြန်စွာ ခုန်ပေါက်လာတဲ့ နှလုံးသားဟာ ဆောင်းဟွန်းရဲ့ အလိုအကျ ဒုတ်ဒုတ် ဟု ခုန်နေသည်မဟုတ်ပဲ 'ဂျေးပတ်ခ် ဂျေးပတ်ခ်' ဟုခုန်ပေါက်နေသည်။ မုန်းလိုက်တာ ဂျေးပတ်ခ်ရဲ့ အသံ ၊ မျက်နှာ ၊ အပြုံး ၊ အထိအတွေ့တွေမှာ အခါခါ ပြိုလဲတတ်တဲ့ သူ့နှလုံးသားကို ဖောက်ထုတ် ပြစ်ချင်သည်။
ဂျေးပတ်ခ် သိပ်ကို အန္တရာယ်များတဲ့ ယောင်္ကျား။
" ထ စားလိုက်ပါ သည်းငယ်ရယ် နော် "
အသနားခံနေသည့် အသံအောက်လဲ နှလုံးသားဟာ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ကျဆုံးပြန်ပြီ။
" သည်းငယ် မအိပ်သေးတာ ကိုကိုသိတာပေါ့ ထစားမလား ကိုကို ပါးစပ်နဲ့ ခွန့်ကျွေးရမလား "
ခပ်ညစ်ညစ် ပြုံးကာဆိုလာသည့် ဂျေးရဲ့အသံဟာ တကယ်လုပ်မှာ ဆိုတာကို ဖော်ပြလျက်။ ဆောင်းဟွန်း လန့်ဖြန့်ကာ ဆက်ခနဲ ကောက်ထိုင်မိသည့် အကျိုးဆက်ဟာ ခေါင်းအား ချာချာလည်အောင် မူးဝေစေသည်။
နှဖူးအား လက်ဖြင့်အုပ်ရင်း ဆိုသည့် ဆောင်းဟွန်းဟာ မူးဝေမှုဒဏ်ကို ခံနိုင်စွမ်းမရှိခဲ့ပေ။
" ကျစ်! ကိုယ့် သည်းငယ် မူးသွားပြီ "
ခေါင်းအား ရင်ခွင်ထဲထည့်ရန် လှမ်းလာသည့် လက်ဟာ ဆောင်းဟွန်းရဲ့ ကြမ်းတမ်းစွာ ရိုက်ချချင်းကို ခံခဲ့ရသည်။ ယောင်္ကျားအားဖြင့် ရိုက်ချတာကြောင့် မနာဘူးဆိုလျှင် နီမြန်းသွားတဲ့ လက်ဖြန်ဟာ ပါးထရိုက်လိမ့်မည်။
YOU ARE READING
𝗠𝗘𝗘𝗧𝗜𝗡𝗚 𝗬𝗢𝗨 ✓
Fanfictionပတ်ခ်ဆောင်းဟွန်းရဲ့ အမှားက ဘယ်ကစလဲလို့မေးရင် Jay Park လိုအတ္တကြီးတဲ့ လူနဲ့တွေ့တဲ့နေ့ကလို့ ဖြေမယ်။ Jay Park ရဲ့ အပျော်ရွှင်ရဆုံးအချိန်က ပတ်ခ်ဆောင်းဟွန်း အနားမှာ ရှိတဲ့အချိန်လို့ ဖြေမယ်