Part_1

1.3K 40 0
                                    


အချိန်အားဖြင့်ည၁၁:၄၅မိနစ်...

အိပ်ယာမဝင်ခင် ထွန်းထားတဲ့ဖယောင်းတိုင်တိုလေးကို ငြှိှမ်းလိုက်သည်။လမိုက်ညဖြစ်သည့်အတွက် မီးငြှိမ်းလိုက်သည်နှင့်တပြိုင်နက် ပတ်ဝန်ကျင်တစ်ခုလုံးအမှောင်ဖုံးသွားခဲ့သည်။

ထိုစဉ်ကလေးငိုသံသဲ့သဲ့ကို ကြားလိုက်သည်။နားကြားများမှားသလားထင်လို့ ထပ်ပြီးအာရုံစိုက်ကာ အသံလာရာသို့နားစွင့်လိုက်သည်။ထပ်မံပြီးပီပြင်စွာကြားလိုက်ရတော့ နော်မူးဝါးတစ်ယောက် ဖယောင်းတိုင်တိုလေးကိုပြန်ထွန်းကာ လက်နှိပ်ဓာတ်မီးယူပြီး အသံလာရာကိုထွက်လာခဲ့သည်။

"အူဝဲ ....အူဝဲ..."

"အယ် ကလေးလေးပါလား။"

ညောင်ပင်အောက်တွင် အနှီးထုတ်လေးနှင့်ကလေးသေးသေးလေးအားတွေ့ရှိသည်။

"အို ဘုရားသခင်ကျေးဇူးတော်ကြောင့် ဒီကလေးအသက်ရှင်ရမည်။"

ကလေးသေးသေးလေးကို အိမ်လေးဆီပြန်ခေါ်လာပြီးအနှီးတွေအားလုံးကိုဖယ်ရှားပစ်လိုက်သည်။

"ယောကျာ်းလေးဘဲ ချစ်စရာလေးကွယ် ပစ်ရက်လိုက်တာ။"

အိမ်မှာရှိနေသေးတဲ့ ခင်ပွန်းဖြစ်သူ၏ပုဆိုးတို့ကို စုတ်ဖြဲကာ အနှီးအစားပတ်ထားပေးလိုက်ပြီး ကလေးအားဒီအချိန်နို့ချိုတိုက်ရန်မလွယ်တာကြောင့် ထမင်းအိုးတစ်လုံးအမြန်တည်ကာ ထမင်းရည်ကိုငဲ့ယူလိုက်သည်။

အအေးခံကာ ကလေးသေးသေးလေးအား နို့အစားထိုးထမင်းရည်ကိုသာတိုက်ထားသည်။

"အို အဖဘုရားသခင် ကျွနု်ပ်ကိုအထီးမကျန်အောင် ဘုရားသခင်က ကျွနု်ပ်အားဤလက်ဆောင်ကိုပေးသနားတော်မူတာဘဲ။ကျေးဇူးကြီးမြတ်လှပါသည် အဖဘုရားသခင် ဤကလေးလေးအပေါ် ဘုရားသခင်ကောင်းချီးပေးပါစေ အာမင်။"

*********************************
"အမိုး ဘယ်သူ့ကလေးလေးလည်း ချစ်စရာလေး။"

"ညက အမိုးရဲ့တဲအနောက်ဘက်က ညောင်ပင်အောက်က တွေ့တာဆရာ။"

"အို....ဘုရားသခင်ကျေးဇူးတော်ကြောင့်ဒီကလေးလေး ဘေးကင်းစွာနဲ့ရှင်သန်လာရတာ အာမင်။"

ရင်ခုန်သံကိုမညာချင်ဘူး_(Completed)Where stories live. Discover now