ဒီနေ့ကတနင်္ဂနွေနေ့...လူငယ်အစီအစဉ်မှာတက်ကြွစွာပါဝင်နေတဲ့ အယ်စေးဝါးတစ်ယောက်။အမြဲတမ်းပြုံးရွှင်နေတဲ့ မျက်နှာလေးကြောင့် မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုလေးကပြည့်ဝနေသည်။
နုတ်ကပတ်တော်ခံယူရင်း ကျမ်းစာတွေကိုလေ့လာဆက်ကပ်နေတဲ့ အယ်စေးဝါးက သူများတွေထက်တော်လွန်းသည်။ဒါကြောင့်လည်းဆရာက တရားဟောဆရာဖြစ်ဖို့အတွက် ကျမ်းစာကျောင်းကိုစေလွှတ်ခြင်းခံရသူဖြစ်သည်။
"အယ်စေးဝါး ဒီမှာလာကူပါဦး။"
အသံလာရာကြည့်မိလိုက်တော့ စုစုငြိမ်းဆိုတဲ့ကောင်မလေးဆီကဖြစ်သည်။ဗမာလူမျိုးဗုဒ္ဓဘာသာကိုးကွယ်တဲ့ကောင်မလေးက အယ်စေးဝါးရဲ့အတန်းဖော်သူငယ်ချင်းလေးပင်ဖြစ်သည်။
အယ်စေးဝါးပြောပြတဲ့နှုတ်ကပတ်တော်ခံယူခြင်းရဲ့အကြောင်းတွေ ယုံကြည်ကိုးကွယ်ခြင်းတွေ ယေရှုဘုရားသည် လူမျိုးတိုင်းအတွက်ရှိနေပေးသည်ဆိုတဲ့အရာတွေနဲ့ရင်နှီးကာ သူငယ်ချင်းဖြစ်သူနဲ့ sundayနေ့တိုင်း ဘုရားကျောင်းတတ်ဖြစ်သည်။
"နင်ကတော့လေ အမြဲတမ်းမနိုင်မနင်းတွေလုပ်တယ်သိလား။"
လက်ထဲက ကိုင်ထားတဲ့ပန်းကန်အထပ်လိုက်ကြီးကို တစ်ဝက်ယူသယ်လိုက်သည်။ဧည့်သည်တွေအတွက်အစားအသောက်ပြင်ဆင်ထားလို့ အိမ်ရှင်ဖြစ်တဲ့အယ်စေးဝါးတို့လူငယ်အဖွဲ့တွေက အမြဲဝိုင်းကူကြစမြဲပေ။
"ဒါနဲ့ ဒီနေ့လာတဲ့အစ်ကိုကြီးကကြွေစရာကြီးနော် အရမ်းတွေကြည့်ကောင်းနေတာဟ။"
"ဘယ်သူလဲ နင်ဘယ်သူ့ကိုပြောနေတာလဲ။"
"ဟာ နင်ကလည်းအရှေ့ဆုံးမှာထိုင်တဲ့တစ်ယောက်လေ နင်နဲ့သူကြားမှာမြတ်သူထိုင်နေတာ။"
"ငါဖြင့်သတိတောင်မထားမိဘူး။"
"တော် နင်ကဘာနေနေသတိမထားမိဘူးချည်းဘဲ။"
စုစုငြိမ်းတစ်ယောက် သူငယ်ချင်းဖြစ်သူကိုမျက်စောင်းသာထိုးပြီး ပန်းကန်တွေလိုက်ချပေးနေသည်။
"မင်္ဂလာပါ ညီလေး။"
လက်ကိုဆန့်ထုတ်လာပြီးအယ်စေးဝါးရှေ့မှာရပ်နေတဲ့ လူက တစ်ခါမှအသင်းတော်မှာမတွေ့ဖူးတဲ့သူဖြစ်တာကြောင့် ဒီလူကစုစုငြိမ်းပြောတဲ့သူဖြစ်နိုင်လောက်သည်ဟု တွေးနေသည်။
YOU ARE READING
ရင်ခုန်သံကိုမညာချင်ဘူး_(Completed)
Romanceကိုယ့်ရင်ခုန့်သံကို ကိုယ်မညာချင်ဘူး။မင်းလည်းကိုယ်နဲ့ထပ်တူ ကျနေမယ်လို့ကိုယ်ထင်တယ်။ Shine+စောအယ်စေးဝါး