Part_9

737 28 0
                                    


"ကျေးဇူးတော်ကြောင့် ကျွနု်ပ်ဒီနေ့အသက်ရှင်ခွင့်ရစေတာ။ဟာလေလုယား ဘုရားသခင်ဘုန်းကြီးပါစေ။"

မနက်ခင်းအစပြုတာနဲ့အယ်စေးဝါးတစ်ယောက် ဘုရားရှစ်ခိုးပြီး အလုပ်သွားရန်ပြင်ဆင်နေလိုက်သည်။ရုံးကပေးတဲ့ယူနီဖောင်းလေးကို သပ်သပ်ရပ်ရပ်လေးဝတ်ပြီး ရာသီဥတုအခြေအနေမကောင်းလို့ ထီးလေးယူကာထွက်လာခဲ့လိုက်သည်။

အလုပ်နဲ့အိမ်ကို၄၅မိနစ်လောက် လမ်းလျှောက်ရတော့စောစောသာထွက်လာခဲ့ပြီး ရုံးရောက်တာနဲ့ ၈နာရီကွက်တိပင်ဖြစ်သည်။စက်ဘီးလေးစီစဉ်ပေးမယ်ပြောတာလည်း လက်မခံဘဲ နေ့တိုင်းလမ်းလျှောက်သွားသည်။

လမ်းသွားရင်းလည်း ဘုရားသခင်ကိုချီးမွမ်းနေတတ်သည်။သံစဉ်အေးအေးလေးတွေနဲ့ တစ်ယောက်ထဲဆပ်ကပ်ကာ လမ်းလျှောက်ရတာကိုပိုသဘောကျသည်။

"ဒုက္ခထဲမှာစိတ်ပျက်ဝမ်းနည်းလျှင်...ယေရှုရှင်ကိုစဉ်သတိရပါ...သင့်ကိုစောင်မပို့ဆောင် ကောင်းချီးပေးမည်...ကိုယ်တော်ကိုသာ အားကိုးပါ...

စုံစမ်းနှောက်ယှက်ခြင်းများနှင့်တွေ့ရင် ကျေးဇူးတော်ကိုအမြဲချီးမွမ်းပါ...နှိမ့်ချခြင်းဖြင့် ကိုယ်တော်ထံချဉ်းကပ်ပါ...သက်ထာဝရကိုရမည်...

လောကမုန်တိုင်း တိုက်ခတ်သောအခါ...ကိုယ်တော်ရှင်သည် အနားမှာမြဲစွာ...လက်ကိုဆွဲလျက်ပို့ဆောင်တော်မူရှာ...ကိုယ်တော်သာလျှင်ခိုလှုံရာ..."

အနောက်ကနေကားတစ်စီးကပ်ပါလာတာကိုပင်သတိမထားမိပင်။သီချင်းနဲ့အတူချီးမွမ်းရင်း ခြေလှမ်းတွေကပေါ့ပါးနေခဲ့သည်။

"တီ....."

ကားဟွန်းသံကြားမှ လှည့်ကြည့်မိသည်။

"အယ်စေးဝါး အလုပ်သွားမို့လား လာကားပေါ်တတ် ကိုယ်လိုက်ပို့ပေးမယ်။"

"ဝယ်ဝယ်က ဘယ်သွားမို့လဲ။"

"ကိုယ်လဲအလုပ်သွားမလို့ မင်းကိုတွေ့လိုက်လို့ပြန်ကွေ့လာတာ။"

ကားပေါ်ရောက်တာနဲ့ မိုးတွေအုံ့မှိုင်းလာကာ ရွာချလာသည်။

"အိုကျေးဇူးတော်ဘဲ ဘုရားသခင်။"

"လမ်းလျှောက်သွားတာလား ခါတိုင်းလည်း။"

ရင်ခုန်သံကိုမညာချင်ဘူး_(Completed)Where stories live. Discover now