ဒီနေ့နဲ့ဆိုဒေါ်လှယဉ်တို့ရောက်နေတာ၂ရက်မြောက်နေ့ဖြစ်သည်။shineနဲ့လည်း မဆုံဖြစ်အောင်ရှောင်နေပြီး ကိုယ့်ဘာသာဘဲလုပ်စရာရှိတာလုပ်နေခဲ့သည်။"သားလေး ဒေါ်လေးတို့မနက်ဖြန်ပြန်တော့မယ်။မင်းညီမလေးကို နေရာစုံအောင်လိုက်ပို့လိုက်ပါဦးကွယ်။"
"နေပါစေတော့ ေဒါ်ဒေါ်ရယ် ဒီမှာကနေအရမ်းပူတော့အပြင်မထွက်တာဘဲကောင်းပါတယ်။"
"ဘယ်ဟုတ်မလဲ သမီးရယ်ရောက်ပြီးမှတော့အလည်အပတ်လေးတော့ရှိဦးမှပေါ့ကွယ်။"
Sundayနေ့မို့ ဘုရားကျောင်းသွားရန်ပြင်ဆင်ပြီးထွက်လာတဲ့အယ်စေးဝါးမှာဧည့်ခန်းတွင်းလူစုံစွာတွေ့လိုက်ရတော့ နည်းနည်းတော့ရှိန်သွားသည်။
ခင်မဒီဆိုတဲ့အစ်မက လှတာထက်ကိုယဉ်ပြီးသိမ့်မွေ့သည်။အခုလည်း နို့နှစ်ရောင်ဝမ်းဆက်လေးနဲ့ သိပ်လိုက်ဖက်နေသည်။
"ဝယ်ဝယ်"
"ပြီးပြီလား သွားစို့လေ။"
"သားငယ် ဒါဘယ်လဲ။"
"အယ်စေးဝါးက ဘုရားကျောင်းတတ်မှာမို့ ဒက္ခိဏဘက်လိုက်ပို့မှာလေ။"
"အခုဘဲ ခင်လေးကိုအလည်အပတ်လိုက်ပို့ပေးဖို့ပြောနေတာမလား။ခင်လေးထက်သူကအရေးကြီးနေတာလား။"
"ဝယ်ဝယ် ကျွန်တော့်ဘာသာသွားလိုက်ပါ့မယ် မမကိုလိုက်ပို့ပေးလိုက်ဦးလေ။"
"ဒေါ်လေး ခင်မဒီကကျွန်တော့်အတွက်ညီမလေးတစ်ယောက်လိုဘဲသူသွားချင်တဲ့နေရာမှန်သမျှလိုက်ပို့ပေးလို့ရတယ်။ဒါပေမယ့် အယ်စေးဝါးကလည်းသားအတွက်အရေးကြီးတဲ့လူဘဲ လာကလေးငယ် သွားစို့။"
"သားငယ် မင်းဒေါ်လေးကိုဘယ်လိုလေသံနဲ့ပြောသွားတာလည်းပြန်လာခဲ့စမ်း။အေး မင်းအဖေနဲ့တိုင်ရလိမ့်မယ်နော် သားငယ်ပြန်လာခဲ့။"
"ဒေါ်ဒေါ် စိတ်လျော့ပါ ဒေါ်ဒေါ်ရယ်။"
"သားငယ် ဒေါ်လေးတို့ဒီနေ့ဘဲပြန်မယ် နောက်၂ရက်နေရင်ပြန်လာခဲ့မင်းနဲ့ခင်လေးကို သင်္ကြန်မတိုင်လက်ထပ်ပေးမယ်ဒါဘဲ။"
ဒေါ်လေးစကားတွေကို မကြားသလိုလျစ်လျူရှုလိုက်ပြီး ကားမောင်းထွက်ခဲ့လိုက်သည်။
YOU ARE READING
ရင်ခုန်သံကိုမညာချင်ဘူး_(Completed)
Romanceကိုယ့်ရင်ခုန့်သံကို ကိုယ်မညာချင်ဘူး။မင်းလည်းကိုယ်နဲ့ထပ်တူ ကျနေမယ်လို့ကိုယ်ထင်တယ်။ Shine+စောအယ်စေးဝါး