Part_21

706 22 0
                                    


Shineရဲ့ဘဏ်ကဒ်တွေ၊ ဖုန်းတွေ၊ကားတွေကို အကုန်သိမ်းထားပြီး မျှော်မှန်းထားတဲ့မင်္ဂလာပွဲအတွက်ပြင်ဆင်နေကြသည်။မင်္ဂလာရက် ရွေးထားတာရောက်ဖို့ရာ၂၅ရက်လိုသေးပေမယ့် ဦးဖုန်းလှနဲ့ဒေါ်လှယဉ်မှာ ဝတ်စုံတွေအပ် ဖိတ်စာတွေရိုက်ဖို့ရာအလုပ်ရှုပ်နေခဲ့သည်။

ခင်မဒီတို့မိသားစု အိမ်လာပြီးဝတ်စုံအတွက်ချိတ်တွေလာရွေးကြလို့အောက်ထပ်မှာလူစည်နေခဲ့သည်။

"သမီး သားငယ်ကအပေါ်မှာရှိတယ် အောက်ဆင်းခဲ့ပါအုံးလို့သွားခေါ်ချည်လေ။"

"ဟုတ်"

ခင်မဒီတစ်ယောက် တက်လာခဲ့ပေမယ့် အခန်းတံခါးရှေ့ရောက်တော့ တံခါးခေါက်ဖို့ရာလက်တွန့်နေခဲ့သည်။နောက်ဆုံးခေါက်မယ်လို့ဆုံးဖြတ်ပြီးချိန်မှ တံခါးကပွင့်လာခဲ့သည်။

"အစ်ကို"

"ခင်မဒီ ဘာကိစ္စလဲ။"

"ဟို ဒေါ်ဒေါ်က အောက်ဆင်းခဲ့ပါအုံးတဲ့။"

"ကိုယ်နဲ့စကားခနပြောရအောင်။"

ဝရံတာဘက်ထွက်လာခဲ့ကြသည်။သိပ်လှတဲ့မိန်းကလေး ပညာတတ်ဥစ္စာပေါဖြစ်ပေမယ့် ရင်ထဲမှာအယ်စေးဝါးတစ်ယောက်ကိုဘဲထည့်နိုင်တဲ့အတွက် ဒီမိန်းကလေးကိုတစ်ကယ်အားနာရပါသည်။

"ကိုယ့်ရဲ့စိတ်သဘောထားကို ခင်မဒီသိတယ်မလား။"

"ခင်သိပါတယ်အစ်ကို။ အစ်ကိုက ခုချိန်ထိမပြောင်းလဲလာတာ ခင်တစ်ကယ်စိတ်မကောင်းဘူး။"

ရှိုက်သံလေးတွေပါလာပြီး ဝဲတတ်လာတဲ့မျက်ရည်တွေကို shineတွေ့လိုက်ပေမယ့် မသိကျိုးကျွန်ပြုကာတစ်ဖက်လှည့်လိုက်သည်။

"ခင်လေ အစ်ကိုစိတ်များပြောင်းပြီးလက်ခံလာမလားလို့ စောနကထိတွေးမိနေတုန်း။အခုတော့ အစ်ကို ကိုယ်တိုင်နှုတ်ကနေဖွင့်ပြောလာပြီမို့ ခင်အတွက်မျှော်လင့်စရာမရှိတော့ပါဘူး။"

"ကိုယ်တောင်းပန်ပါတယ် ကိုယ့်နှလုံးသားကတစ်ယောက်ထဲကိုဘဲချစ်လို့ရတယ်။ခင်မဒီကိုတော့ ညီမလေးတသ်ယောက်လို ခင်တွယ်နေဆဲပါ။"

**************************
အချိန်အားဖြင့် ညနေ၅နာရီ...

ဦးဖုန်းလှတို့မိသားစု ဧည့်ခန်းမှာလူစုံစွာထိုင်နေကြသည်။အကြောင်းမှာ shineကိစ္စပင်ဖြစ်သည်။

ရင်ခုန်သံကိုမညာချင်ဘူး_(Completed)Where stories live. Discover now