Part_17

555 18 0
                                    


"မွန်းကြပ်တဲ့ နှလုံးသားထဲ...ချစ်ခြင်းရဲ့လေညှင်းကို ဆောင်ကြဉ်းပေးပါ...ရှက်တတ်တဲ့ ပါးလေးများ...ငါ့အနမ်းများအတွက် နားခိုနိုင်စေဖို့...အခွင့်ပေးပါတော့...

သိပ်ချစ်တဲ့အကြောင်းလေးကြားချင်တယ်...ငါ့ဘဝနဲ့ရင်းပြီးတောင်းဆိုမယ်...မင်းသိတဲ့အတိုင်းဘဲ ပြောပြလိုက်ပါချစ်သူရယ်...တို့တစ်ယောက်တည်း ကြားမယ့်စကားသံနဲ့ နှုတ်ခမ်းပါးလေးလှုပ်ခတ်သွားရုံနဲ့ တိုးတိုးလေးဘဲ မင်းပြောပြလိုက်ပါ...အချစ်ရယ်..."

လပြည့်ညမို့ ထိန်ထိန်သာနေတဲ့လမင်းကြီးရဲ့အောက်မှာ တစ်ယောက်ထဲဂစ်တာခေါက်ရင်းသီချင်းညည်းနေမိသည်။ဧည့်ခန်းမှာ တရုတ်ဇာတ်လမ်းတွဲထိုင်ကြည့်နေတဲ့ အယ်စေးဝါးမှာခြံထဲကလွှင့်လာတဲ့ သီချင်းသံကိုနားထောင်နေမိသည်။

"မင်းရင်ထဲ ဘာရှိနေလဲ...ငါ သိချင်ခဲ့တယ်...ကြားချင်တယ်...ဖွင့်ပြောပါ...ရှက်မနေနဲ့...မကြောက်ပါနဲ့...ငါသိချင်ခဲ့...ကြားရုံလေး...ဖွင့်ပြောပါ..

ရှက်မနေနဲ့...မကြောက်ပါနဲ့...ငါသိချင်ခဲ့...ကြားရုံလေး..ဖွင့်ပြောလိုက်...

သိပ်ချစ်တဲ့အကြောင်းလေးကြားချင်တယ်...ငါ့ဘဝနဲ့ရင်းပြီးတောင်းဆိုမယ်...မင်းသိတဲ့အတိုင်ဘဲ ပြောပြလိုက်ပါချစ်သူရယ်...တို့တစ်ယောက်တည်း ကြားမယ့်စကားသံနဲ့ နှုတ်ခမ်းပါးလေးလှုပ်ခတ်သွားရုံနဲ့ တိုးတိုးလေးဘဲ မင်းပြောပြလိုက်ပါ...အချစ်ရယ်..."

အရင်တစ်ခေါက်နားထောင်ဖူးပေမယ့် အခုတစ်ခေါက်နားထောင်ရတာခံစားချက်မတူတော့ပေ။ခန်းစီးလေးကွယ်ပြီး နားထောင်နေတဲ့အယ်စေးဝါးမှာ အမျိုးအမည်မသိတဲ့ခံစားချက်ကိုခံစားနေရပြီး ရင်ခုန်သံတွေမြန်နေသည်။

"ငါ ဘာဖြစ်နေတာလဲ။ကော်ဖီတွေသောက်တာ များသွားလို့လား..."

အိပ်ယာပေါ်ရောက်နေကြပေမယ့် တစ်ယောက်အတွေးတစ်မျိုးဆီနဲ့အိပ်မပျော်နိုင်ဖြစ်နေကြသည်။
အနမ်းပေးလိုက်စဉ် လန့်သွားတဲ့မျက်နှာလေးက အသည်းယားစရာကောင်းလွန်းနေသည်။ပြန်လာတဲ့တလျှောက်လည်း ဘာစကားမှမပြောတော့ဘဲ ရှက်နေတယ်ထင်ပါရဲ့ ပါးလေးတွေနားရွက်ဖျားလေးတွေရဲလို့။

ရင်ခုန်သံကိုမညာချင်ဘူး_(Completed)Where stories live. Discover now