Part_3

745 30 0
                                    


လူကြီးတွေလူငယ်တွေနဲ့ အလုပ်ရှုပ်နေကြတော့ shineမှာ မီးဖိုဆောင်နောက်ဘက်က ကံ့ကော်ပင်အောက်မှာတစ်ယောက်တည်းထိုင်နေသည်။

"သား shine နေ့လည်စာစားမယ်လေ။"

သားဖနှစ်ယောက်အတွက် သေချာပြင်ဆင်ပေးထားတဲ့စားပွဲမှာ shineတို့သားဖရယ်ဆရာရယ်သာရှိနေလေသည်။

"ကဲ ရောက်တုန်းလေးဧည့်ခံရတာ သူငယ်ချင်းအားမနာနဲ့စား။"

"အေးပါကွာ ဒါနဲ့ပြီးရင်ငါ့ကိုခနနေကျရင်အဆောက်အဦးနေရာလိုက်ပြအုံး အချိန်သိပ်မရလို့ကွာ ငါ့သားကျောင်းပျက်ရက်ရှည်သွားမှာစိုးလို့။"

"အာ ရတယ်လေ ပြီးရင်လိုက်ပို့မယ်။"

"ဝယ်ဝယ်"

ခေါ်သံကြားလို့လှည့်ကြည့်တော့ ကလေးလေးက ဟင်းပန်ကန်လေးကိုင်ထားပြီးလာနေသည်။

"သားကို ဖိုးခွားက ကိုကို လို့ခေါ်တာ။"

"ချစ်စရာလေး ဘယ်သူ့သားလေးလည်း။"

"သူက အမိုးရဲ့သားလေ ဒီဟင်းတွေရဲ့လက်ရာပိုင်ရှင်ပေါ့။"

ဆရာက နော်မူးဝါးဆီမေးငေါ့ကာ လှမ်းပြတော့ အသက်ကြီးကြီးအဖွားဖြစ်တာကြောင့် ဒီကလေးကသားအရင်းမဖြစ်နိုင်ဟု shineတစ်ယောက်မှတ်ချက်ချလိုက်သည်။

Shineတို့တွေထမင်းစားနေတာကို မီးဖိုဆောင်အတွင်းကနေ ချောင်းကြည့်နေတဲ့ကလေးလေးက ဘာတွေများစပ်စုနေပါလိမ့်။မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ကလေးလေးကအရမ်းချစ်စရာကောင်းသလို စပ်စုတတ်သေးတာ။

"ကလေးလေး လာဒီနားကို။"

ထမင်းစားပြီးသည့်တိုင်အောင် shineကိုလိုက်ကြည့်နေဆဲပင်။ဦးဖုန်းလှတို့က အဆောက်အဦးနေရာသွားကြည့်ကြတော့ ကျောင်းမှာနော်မူးဝါးတို့သားမိရယ်shineရယ် ကျမ်းစာသင်ကျောင်းသားကျောင်းသူတစ်ချို့နဲ့ တီချယ်များပင်ရှိတော့သည်။

အားလုံးက အလုပ်တွေဝိုင်းကူနေကြတော့ shineတစ်ယောက်ထဲထိုင်နေတာကို နောက်ကနေတကောက်ကောက်လိုက်ကြည့်နေသည့် ကလေးလေးကိုအနားလာရန်ခေါ်လိုက်သည်။

"ဝယ်ဝယ် ချားလို့ကောင်းလားဟင်။"

"အင်း မင်းလေးကစကားမပီသေးဘူးလား။"

ရင်ခုန်သံကိုမညာချင်ဘူး_(Completed)Where stories live. Discover now