Part_13

554 18 0
                                    


"အယ်စေးဝါး အယ်စေးဝါး။"

စိတ်ထင့်နေလို့ဆိုပြီး မနက်လင်းတာနဲ့ လူကနေမရထိုင်မရနဲ့ဖြစ်နေကာ နောက်ဆုံးအဖေ့ကိုပြောပြီးနေ့လည်ဘက်ကြီးထွက်ချလိုက်ခဲ့သည်။ညနေ(၄)နာရီမထိုးခင် နေပြည်တော်ထဲ ဝင်လာခဲ့သည်။

အိမ်ကိုအရင်မသွားဘဲ အယ်စေးဝါးနေတဲ့ဒက္ခိဏဘက်ကိုမောင်းလာခဲ့သည်။လမ်းလည်းသင့်နေတော့အတော်ပင်ဖြစ်သွားခဲ့သည်။အိမ်ပေါ်ရောက်ရောက်ခြင်း မြင်လိုက်ရတာက ချွေးတွေရွှဲနစ်နေပြီး နှုတ်ခမ်းတွေဖြူဖျော့နေကာ တုန်ယင်နေတဲ့အယ်စေးဝါးကိုတွေ့လိုက်ရသည်။

နှိုးမရတာကြောင့် ပွေ့ချီလာခဲ့ပြီး ဆေးရုံအမြန်ပြေးရသည်။

"ဒေါက်တာ..."

"လူနာရှင်လား "

"ဟုတ်ကဲ့ စောအယ်စေးဝါးလူနာရှင်ပါ။"

"လူနာက အိပ်ချိန်စားချိန်မမှန်ဘူးတူတယ်။သွေးအားလည်းနည်းနေတယ်။သူ့ဝမ်းဗိုက်ကိုစစ်ကြည့်လိုက်တော့ အူအတက်ပေါက်နေတာတွေ့ရတယ်။"

"ဟုတ်ကဲ့။"

"ခွဲစွိတ်မှု့လုပ်ရမယ်။"

ခွဲစိတ်ခန်းရှေ့မှာ ရပ်နေတဲ့ shineမှာ စိတ်ပူ၍ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်။

"ကိုယ်ပြန်လာခဲ့တာ နောက်ကျသွားတယ်။တစ်ကယ်ဆိုညကတည်းကပြန်လာရမှာ မင်းဘယ်လောက်တောင်ခံစားလိုက်ရမလဲ။"

သိပ်မကြာခင်မှာဘဲ ခွဲစိတ်ခန်းရှေ့ကမီးလင်းလာခဲ့သည်။

"ဒေါက်တာ ..."

"စိုးရိမ်စရာမရှိတော့ပါဘူး။ဒီရက်ပိုင်းတော့ ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ သိတယ်မလား။"

"ဟုတ်ကဲ့ ကျွန်တော်သိပါတယ်။"

"အသေးစိတ်ကို Nurseကထပ်ရှင်းပြလိမ့်မယ်နော် ။ဆရာနောက်လူနာခွဲစိတ်ရအုံးမှာမို့ ခွင့်ပြုပါအုံး။"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။"

ကုတင်ထက်မှာ အိပ်ပျော်နေတဲ့သူလေးကိုကြည့်ပြီးရင်ထဲမကောင်းပေ။ဒီကလေးလေး လောကဓံကိုဘယ်လောက်တောင် ရင်ဆိုင်နေရတာလည်း။အိပ်ချိန်စားချိန်တွေမမှန်ရအောင်ထိ ဘာတွေကိုများလုပ်နေရတာလဲ ကလေးငယ်ရယ်။

ရင်ခုန်သံကိုမညာချင်ဘူး_(Completed)Where stories live. Discover now