Part_8

789 27 0
                                    


အဲ့နေ့ပြီးကတည်းက ထပ်မတွေ့တော့တဲ့လူကဒီနေ့ထိဘဲ။တစ်လပြည့်ခဲ့ပြီ စားမေးပွဲတောင်ပြီးသွားခဲ့ပြီ။

စုစုငြိမ်းတစ်ယောက်အိမ်လည်လာမယ်ဆိုလို့ အယ်စေးဝါးတစ်ယောက်မီးဖိုထဲမှာချက်ပြုတ်နေသည်။ပထမဆုံး ငပိရည်ကျိုရန်ပြင်ဆင်ပြီး မီးဖိုပေါ်တင်ထားလိုက်သည်။ငရုတ်သီးအခြောက်တောင့်လေးတွေကို အညှာခြွေပြီး ပန်းကန်ပြားတစ်ခုထဲထည့်ကာ တို့စရာအတွက်သရက်ကင်းလေးတွေကို အညှာဖြတ်ကာရေစိမ်ထားလိုက်သည်။

အဖီး(အဘွား)တို့အိမ်ကဝက်ပေါ်လို့ အယ်စေးဝါးအတွက်လာပေးထားတဲ့ ရှားရှားပါးပါးဝက်သားကို ရေဆေးကာ အရသာနယ်ပြီးနှပ်ထားသည်။အမိုးသင်ပေးထားတဲ့ ဟင်းချက်နည်းတွေက အယ်စေးဝါးအတွက်ပါရမီတစ်ခုဖြစ်ခဲ့သည်။

"အေး ငါချက်ပြုတ်လို့ပြီးတော့မယ် နင်ဘယ်ချိန်လာမှာလဲ။"

"အမေနေမကောင်းဖြစ်နေလို့ နောက်နေ့မှလာလည်တော့မယ်အေ အမေဖျားနေတော့ ငါကထွက်လည်လို့မဖြစ်တော့ဘူး အိမ်မှာလုပ်စရာတွေလုပ်ရဦးမှာ။"

"အေးပါ အဒေါ့(အဒေါ်)ကိုဂရုစိုက်ဦး။ငါဟင်းကောင်းချက်ထားမှနင်ငတ်တာပေါ့။"

"အေးပါစားစား နင်စားရရင်ငါငတ်သလိုပါဘဲ။"

"ဟား ဟား။"

ဖုန်းချပြီးတာနဲ့ စုစုငြိမ်းမလာတော့ဘူးဆိုတာသိလိုက်ရတော့ အေးအေးဆေးဆေးဘဲချက်ပြုတ်နေတော့သည်။ထမင်းဟင်းချက်ပြီးသွားတဲ့အခါ ရေချိုးရန်ပုဆိုးတစ်ထည်ပခုံးပေါ်တင်၍ ဘူးစင်အောက်ကရေချိုးရန်လုပ်ထားသည့် စဉ့်အိုးနှစ်လုံးနားထိုင်ကာ ရေမချိုးသေးဘဲ ရေစီးကောင်းအောင်မြှောင်းဖော်နေပြန်သည်။

"ခဏခဏ ပြန်ပြန်ဖော်နေရတယ်။ရေချိုးဖို့နေရာပြောင်းရမယ်နဲ့တူတယ်။"

တစ်ယောက်ထဲစကားပြောပြီး လက်ကလှုပ်ရှားနေသသည်။အလုပ်တွေအားလုံးပြီးစီးသွားပြီး ရေမိုးချိုးကာ ဝတ်နေကျ ကရင်အင်္ကျီလေးဘဲဝတ်ကာထမင်းစားရန်ပြင်လိုက်သည်။

"အယ်စေးဝါး။"

စားပွဲခုံလေးချကာ နာမည်ခေါ်သံကြားလို့ တဲထဲကနေထွက်လာလိုက်ပြီး ဘယ်သူလဲဆိုကာကြည့်လိုက်တော့ ကတိမတည်သူကြီး။

ရင်ခုန်သံကိုမညာချင်ဘူး_(Completed)Where stories live. Discover now