Part_12

656 20 0
                                    


မိသားစုထမင်းဝိုင်းတွင်...

"ကိုဖုန်းလှ ခင်ဗျားသားကလူချောပါဘဲဗျာ။"

Shineကို သေချာကြည့်၍ချီးမွမ်းလိုက်သည်။မျက်နှာချင်းဆိုင်ထိုင်နေတဲ့ shineနဲ့ ခင်မဒီမှာ ခုချိန်ထိတစ်ယောက်မျက်နှာတစ်ယောက်မကြည့်ကြသေးပေ။

"ဟုတ်ပဗျာ shineတဲ့ တစ်ယောက်ထဲရှိတဲ့သားလေးမို့ သေချာဂရုစိုက်ခဲ့ရတာဗျာ။"

"သမီး အစ်ကို့ကို နှုတ်ဆက်လိုက်ဦးလေ။"

မချယ်ရီထက်က သမီးဖြစ်သူအား shine ကိုနှုတ်ဆက်ရန်စကားစလိုက်သည်။

"ဟုတ် ညီမကို ဂရုစိုက်ပေးပါဦးနော်။"

"ခင်မဒီတဲ့သားလေး နာမည်လေးနဲ့လူလေးကလိုက်ဖက်လွန်းတယ်မလား။"

ဒေါ်လေးဖြစ်သူရဲ့စကားကြောင့် ဒီထမင်းဝိုင်းကသာမန်မဟုတ်ဘူးဆိုတာသိလိုက်သည်။တစ်ဖက်ကနှုတ်ဆက်လာတဲ့ မိန်းမပျိုလေးကို ပြုံးပြကာခေါင်းညိမ့်ပြလိုက်ပေမယ့် ဒေါ်လေးနဲ့အဖေ့ကိုတော့ အနည်းငယ်စိတ်ထဲဘဝင်မကျချင်တော့ပေ။

လူကြီးတွေသာ စကားတွေဖောင်ဖွဲ့နေပေမယ့် ကာယံကံရှင်နှစ်ဦးမှာ ထမင်းသာငုံ့စားနေရင်းအချိန်ကုန်သွားခဲ့သည်။

"သားလေး ညီမလေးကိုငါးတွေလိုက်ပြလိုက်ဦးလေ။"

"နေပါစေ ဒေါ်ဒေါ် ခင်မကြည့်တော့ပါဘူး။"

"ဘယ်ဟုတ်မလဲ သွားလိုက်သွား အစ်ကိုမွေးထားတဲ့ငါးတွေက အကြီးကြီးတွေသိပ်လှတာ။"

မလိုက်ချင်တဲ့သူကိုအတင်းထည့်နေတဲ့ ဒေါ်လေးကြောင့် shineမှာ သက်ပြင်းချလိုက်သည်။

"ကဲ ခင်မဒီ ကိုယ်နဲ့လိုက်ခဲ့ပါ။ဒေါ်လေးက မရမကထည့်နေဦးမှာ။"

သူမရဲ့ဆံနွယ်ရှည်တွေကို တစ်ဖက်ကိုသိမ်းကာ ထရပ်လိုက်သည်။ဒေါ်လေးကို ပြုံးပြပြီး shineနောက်ကို ခြေလှမ်းမှန်မှန်နဲ့သာ လိုက်လာခဲ့သည်။

ယဉ်ပါတယ်။သိမ်မွေ့တယ် အနေအထိုင်နူးညံ့တယ်။ယခုခေတ်မှာ ဒီလိုမိန်းကလေးမျိုးရှားတာမို့ shineတစ်ယောက် ခင်မဒီကိုတော့ချီးကျူးမိသည်။

ရင်ခုန်သံကိုမညာချင်ဘူး_(Completed)Where stories live. Discover now