Part_11

582 20 0
                                    


"သား ဒီတစ်ခေါက်ပြန်လာရင်နန်းစိန်ကိတ်နဲ့မျှစ်ချဉ်လေးပိုဝယ်ခဲ့ပေးအုံး။"

"ဟုတ် ဖေဖေလက်ဆောင်ပေးမို့လား။"

"အေး ဒါနဲ့သားပြန်လာရင် ကိုသက်နိုင်ကိုငွေစာရင်းထုတ်ပေးခဲ့လိုက်အုံးသား။"

"ဟုတ်ကဲ့ပါဗျာ သားသန်ဘက်ခါ ပြန်လာမှာ။ဒေါ်လေးကို ဟင်းများများချက်ထားလို့ မှာလိုက်အုံး။"

"အေးပါကွာ အေးပါ။"

သားဖနှစ်ယောက်ဖုန်းပြောပြီးတာနဲ့ shineတစ်ယောက်ဆိုဒ်ထဲသွားရန်စီစဉ်လိုက်သည်။
******************
ဘုရားကျောင်းမှာ သန့်ရှင်းရေးလုပ်အားပေးနေကြသည်။စုစုငြိမ်းတစ်ယောက်တော့ နေမကောင်း၍မလာဖြစ်ပေ။

"အယ်စေးဝါး ဘာလိုလိုနဲ့ခရစ်စမတ်ရောက်တော့မယ်နော်။"

"ဟုတ်ပ ဒီတစ်ခါဘယ်မှာလုပ်မလဲမသိဘူးနော်။"

"ဆရာဟိုတလောကပြောသံကြားတာ ဟိုတယ်မှာလုပ်မယ်ဆိုလားဘဲ။"

"ကောင်းတာပေါ့ "

တစ်ကျောင်းလုံးက အမှိုက်တွေကို လဲှကျင်းပြီး သန့်ရှင်းရေးလုပ်နေကြသည်။သစ်ပင်လေးတွေ၊ပန်းပင်လေးတွေကို ပေါင်းသင်ရေလောင်းကြသူကလောင်း၊ထင်းခွဲသူကခွဲနဲ့ ပျော်စရာကောင်းလှသည်။

"ဒါနဲ့ မင်းအလုပ်အသစ်ကရောအဆင်ပြေလား။"

"အင်းပြေပါတယ်။ဘာလို့လဲ။"

"မဟုတ်ပါဘူးကွာ  သွားရေးလာရေးအတွက်စိတ်ပူလို့ပါ။နေရာကဝေးတယ်လေ ဆရာဆိုလည်းမင်းကိုအဆင်ပြေပါ့မလားနဲ့မေးနေတာ။"

"ဪ ပြေပါတယ်။ဝယ်ဝယ်က အကြို့အပိုလုပ်ပေးတယ်။ဆရာနဲ့လည်းစကားကောင်းကောင်းမပြောရသေးဘူး ဆရာအလုပ်ရှုပ်နေတာနဲ့လေ။"

"အေးပါ မင်းအဆင်ပြေရင်ကောင်းပါတယ်ကွာ။ကြိုးစားထား မင်းကငါတို့ထက်ပညာလည်းပိုမြှင့်တယ် အောင်မြင်သွားရင်မမေ့နဲ့နော်။"

"မမေ့ပါဘူးကွာ ငါ့မှာမင်းတို့တွေဘဲရှိတာကိုး။"

အလုပ်တွေပြီးကြတော့ ထမင်းစားရန်ပြင်ဆင်ကြသည်။ကြက်သားနဲ့အာလူးချက်ပြီး ဘူးရွက်ဟင်းရည်လေးရယ် ငပိရည်ငရုတ်သီးရယ်က စားခြင်စဖွယ်အတိပင်။

ရင်ခုန်သံကိုမညာချင်ဘူး_(Completed)Where stories live. Discover now