Part-1

255 18 0
                                    


1.1.2023 8:00 AM

' Jake မင်းဘာလို့ငါ့ကို မချစ်ရတာလဲဟင်။ငါဘာများ မကောင်းလို့လဲ။ငါတို့ပြန်တွေ့ရင် သူငယ်ချင်းလိုပဲနေကြမယ်လေ။ငါ့ဆီ ပြန်လာမယ်မလား။မင်းကိုစောင့်နေမှာပါ။ မင်းပြန်လာမယ်ဆိုတာ ယုံတဲ့အတွက် ငါကစောင့်နေမှာ '

ကိုယ့်အတွေး နဲ့ ကိုယ်မျက်ရည်တွေ ကျလာတဲ့ဆောင်ဟွန်းပာာ သူချစ်ရတဲ့ လူသားလေးရှင်းဂျိတ်ခ် ကို သူတို့နောက်ဆုံးတွေ့ခဲ့တဲ့ ကော်ဖီဆိုင်လေးထဲမှာ စောင့်နေလေရဲ့။အကယ်၍ သူရောက်လာလေမလားဆိုပြီးပေါ့အကယ်၍ ရောက်လာရင်လည်းမှတ်မိအောင် သူကိုယ်တိုင်ထိုလူသားလေးကိုရိုက်ပေးခဲ့တဲ့ ဓာတ်ပုံလေးကိုကိုင်လျက်ဘယ်တော့မှရောက်မလာမဲ့သူကို မျှော်နေလေရဲ့။

အရင်တုန်းက အမြဲတမ်းပျော်ပျော် နေတတ်တဲ့လူတစ်ယောက်ကို ဘယ်အရာတွေကများ ပြောင်းလဲခဲ့ပါလိမ့်။အဖြေကိုသေချာရှာကြည့်မယ်ဆိုရင် နောက်ဆုံးထွက်လာမယ့်အရာက အချစ်ဆိုတဲ့ အရာကြီးပေါ့။

မိသားစုကိုချစ်တဲ့အချစ်ပဲဖြစ်ဖြစ် သူငယ်ချင်းကိုချစ်တဲ့ အချစ်ဖြစ်ဖြစ် ချစ်သူကိုချစ်တဲ့အချစ်ဖြစ်ဖြစ် အဲ့အရာက အချစ်ပဲမဟုတ်လား။အချစ်ဆိုတာကြီးက လူတစ်ယောက်ကို ‌ပျော်ရွှင်အောင် လုပ်နိုင်သလို ဝမ်းနည်းအောင်လည်းလုပ်နိုင်တယ်။အချစ်ဆိုတာကြီးက လူတစ်ယောက်ကို ကလေးဆန်အောင်လည်းလုပ်နိုင်သလို ရင့်ကျက်အောင်လည်း လုပ်နိုင်သေးတယ်။

အဲ့အချစ်ကိုဆောင်းဟွန်းကိုယ်တိုင်လည်းခံစားခဲ့ဖူးပါသည်။

**********************

10.6.2022(Friday)4:00 PM

ထိုနေ့လေးပေါ့.......ကျွန်တော့်အချစ်ရဆုံးကောင်လေးကို ထိုကော်ဖီဆိုင်လေးမှာ စတွေ့တဲ့နေ့လေးပေါ့။

ထို့နေ့က မိုးရာသီဖြစ်သည့်အတိုင်း မိုးဖွဲဖွဲလေးရွာနေတာပေါ့။ကျွန်တော်လည်း သောက်နေကျကော်ဖီစာဆိုင်လေးမှာ စာအုပ်ဖတ်လို့ပြီးတာနဲ့ အိမ်ပြန်ဖို့အပြင်ထွက်လာလိုက်တယ်။ဆိုင်ရှေ့မှာ တွေ့လိုက်ရတာက ကျွန်‌တော်  နဲ့မတိမ်းမယိမ်းအရွယ်ကောင်လေး‌တစ်ယောက်၊ဆံပင်အနက်ရောင်လေးနဲ့၊မျက်မှန်အဝိုင်းလေးလည်းတပ်ထားသေးတယ်။သူက စာအုပ်လေးကိုင်ထားပြီးတော့ မိုးတိတ်တာကိုစောင့်နေတယ်ထင်ပါရဲ့။

Forget Me Not (Completed)Where stories live. Discover now