ဒီနေ့လည်း ကျွန်တော် မြို့ထဲဓာတ်ပုံရိုက်ပြီး ထိုင်နေကျကော်ဖီဆိုင်ကိုအရင်ဝင်သည်။မနေ့ကထိ ဒီကော်ဖီဆိုင်လာရခြင်းမှာ စာဖတ်ရင်းကော်ဖီသောက်ရန်သာဖြစ်သော်လည်း ဒီနေ့မှာတော့ ထိုကောင်လေး ကော်ဖီဆိုင်လာသေးလား ဆိုတာ သိချင်သည့်အတွေးပါ ပိုတိုး၍ပါလာသည်။
ဒီနေ့ လူတွေလည်းကော်ဖီဆိုင်ထဲ၌ ပြည့်နေလေသည့်အတွက် ထို့ကောင်လေးအား ဆိုင်ထဲဝင်ဝင်ချင်းမတွေ့ရပဲ နည်းနည်းကြာကြာ ရှာကြည့်တော့မှ ထောင့်နားလေးမှာ စာထိုင်ဖတ်နေလေရဲ့။ဒီနေ့တော့သူထီးယူလာသားပဲ။စာပွဲပေါ်မှာခေါက်ထီးလေးတင်ထားတယ်။
ဆိုင်ထဲမှာလည်းလူပြည့်နေတော့နေရာလွတ်ကမရှိ။ဒ့ါပေမယ့် ထိုကောင်လေးစားပွဲမှာတော့ ထိုင်ခုံလွတ်နေသည်။ထို့ကြောင့် ထိုထိုင်ခုံလွတ်မှာပဲ ထိုင်ရန်ဆုံးဖြတ်လိုက်သည်။ကျွန်တော်ကိုယ်တိုင်ကလည်း ထိုကောင်လေးနဲ့ ထိုင်ချင်တဲ့ စိတ်လေးရှိတာပေါ့။
ကျွန်တော်လည်း ထိုကောင်လေးရှိရာစာပွဲကို လျှောက်သွားပြီး.....
"ဒီမှာခဗျ....."
ထိုကောင်လေးကမကြား စာအုပ်ကိုပဲ အာရုံစိုက်ပြီးဖတ်နေလေရဲ့။ကျွန်တော်လည်းထပ်ပြီးခေါ်လိုက်သည်။
"ဒီမှာခဗျ..."
ပခုံး ကိုကိုင်ပြီးခေါ်လိုက်တာကြောင့် ထိုကောင်လေးလည်း တွန့်ပြီး ကျွန်တော့်ကိုပြန်မော့ကြည့်တယ်။တကယ်ကိုချစ်ဖို့ကောင်းတာပဲ။
သူကျွန်တော့်ကိုပထမဆုံးပြန်ပြောတဲ့စကားကတော့
"ဘာဖြစ်လို့ သူများစာဖတ်နေတာကို လာနှောက်ယှက်နေတာလဲ "
ကျိန်ဆိုကျိန်ပါတယ်ကျွန်တော်မနှောက်ယှက်ပါဘူးဗျာ
"နှောက်ယှက်တာ မဟုတ်ပါဘူး။ဒီမှာထိုင်ဖို့ခွင့်တောင်း
မို့ပါ။ဆိုင်ထဲမှာလည်းခုံတွေပြည့်နေလို့ လွတ်တဲ့ခုံဆိုလို့ ခင်ဗျားရှေ့ကခုံပဲရှိတာမို့လို့။""အော်အဲ့ဆိုလည်းထိုင်လေ။"
သူကျွန်တော့ ကိုအဲ့စကာပဲပြောပြီး စာအုပ်ဆက်ဖက်နေလေရဲ့။ကျွန်တော်ကတော့ ဒီနေ့ စာမဖတ်ဖြစ်တော့ဘူး။ကျွန်တော့ရှေ့က ကောင်လေးကိုပဲ ကြည့်နေမိတယ်။ထိုကောင်လေးကသတိမထားမိဘူးထင်ပါရဲ့။စာအုပ်တစ်အုပ်တည်းကိုပဲအာရုံရှိတယ်။ကျွန်တော်လည်း စာအုပ်ကိုတောင်မနာလိုဖြစ်မိတယ်။