ကျွန်တော်တို့ ဂန်းနမ်က အဖေ့အုတ်ဂူဆီသွားကြတယ်။ဟိုကိုတော့3နာရီရောက်တယ်။အော်.....3နာရီဆိုတော့သူလည်းကော်ဖီဆိုင်ရောက်လောက်ပြီပေါ့
အဖေ့အုတ်ဂူလေးဘေးနားကသစ်ပင်လေးနားမှာထိုင်လိုက်ကြတယ်။ကျွန်တော်တို့မိသားစုလေးယောက်စုံစည်းတဲ့နေရာလေးပေါ့။မိုးရာသီဆိုပေမဲ့နေသာနေခဲ့တာပေါ့အမေနဲ့အရင်တုန်းကအကြောင်းတွေသုံးယောက်သားထိုင်ပြောကြတတာပေါ့။ပြီးတော့ဂန်းနမ်ကအရင်အိမ်ကိုသွားလိုက်ကြတယ်။တစ်ညအိပ်ပြီးနောက်နေ့ပြန်လာခဲ့လိုက်တယ်။
______________________အိမ်ကိုရောက်တော့3နာရီခွဲသွားပြီ။ကျွန်တော်လည်းရောက်ရောက်ချင်းကော်ဖီဆိုင်ကိုပြေးသွားလိုက်တယ်။က်ောဖီဆိုင်ထဲမှာထိုကောင်လေးကတော့စာအုပ်ဖတ်ကောင်းနေတုန်းပေါ့။ကျွန်တော်လည်းသူ့ဆီကိုပဲတည့်တည့်သွားလိုက်တယ်။ထိုင်ခုံလွတ်တွေရှိပေမယ့်ပေါ့။
"ဒီမှာ ခဗျ....."
ဒီတစ်ခါတော့ထိုကောင်လေးကချက်ချင်းကျွန်တော့်ကိုပြန်ကြည့်တယ်
"ထိုင်မယ်နော်"
"အင်း ထိုင်လေ"
"မနေ့က ကျွန်တော့်ကိုမျှော်နေသေးလား"
"ဘာလို့ မင်းကိုမျှော်ရမှာလဲ။"
"မဟုတ်ဘူးလေ ကျွန်တော်ကခင်ဗျားကိုမနက်ဖြန်လာမှာလို့ပြောခဲ့တယ်လေ။ကတိမတည်သလို ဖြစ်သွားမှာဆိုးလို့ပါ။မနေ့ကကျွန်တော့်အဖေနှစ်ပတ်လည်လေ ဂန်းနမ်သွားပြီးအဖေ့အုတ်ဂူလေးကိုဂါဝရသွားပြုတာပါ။အဲ့တာကြောင့်ကျွန်တော်မနေ့ကမလာဖြစ်တာ "
"အော်.....ဒါပေမယ့်ငါမင်းကိုမျှော်မနေခဲ့ဘူးနော်။ "
"သိပါတယ်...ခင်ဗျားကျွန်တော့်ကိုမျှော်မနေဘူးဆိုတာ။ကျွန်တော်ကဒီတိုင်းမေးရုံပါ။ ဒါနဲ့ အဲ့နေ့ကကျွန်တော်ပြောခဲ့တာကိုမှတ်မိလား။ "
"ဘာပြောခဲ့တာလဲ ?"
"နောက်နေ့လာရင် ခင်ဗျားနာမည်ကို သိခွင့်ရှိမလားဆိုတာလေ။ "
"အော်.......မင်းကငါ့နာမည်ဘာလို့သိချင်တာလဲ။ "
"ခင်ဗျားနဲ့ရင်နှီးချင်လို့လေ။ "