"ဟယ်လို "
"ပတ်ဆောင်းဟွန်းလားမသိဘူးရှင့်။ "
"ဟုတ်ပါတယ်ခဗျ။ "
"ပတ်ဆောင့်ဟွန်းရဲ့ အကိုနဲ့အမေ ကားအက်ဆီးဒင့် ဖြစ်လို့ ။ "
"ဗျာ ...သူတို့အဆင်ပြေတယ်မလား။ "
"ပတ်ဆောင်းဟွန်းအမေကတော့ဆုံးပြီ အကိုလည်း တော်တော်အခြေအနေဆိုးနေတယ်။ "
"ဗျာ.....အခုဘယ်ဆေးရုံမှာလဲ။ "
"(......)ဆေးရုံမှာပါ။ အမြန်လာခဲ့ပါ မင်းအကိုရဲ့ နောက်ဆုံးအခြေအနေကိုမှီချင်ရင်ပေါ့ "
"ဟုတ်။ "
*တီလ် တီလ် တီလ် *
ဖုန်းချသွားတော့ ကျွန်တော်မျက်ရည်တွေ အကန့်အသတ်မရှိ တာကျိုးသလို ကျဆင်းလာတော့တယ်။
"ဆောင်းဟွန်း ဘာဖြစ်လို့လဲ ဘာလို့ငိုနေတာလဲ "
"ငါအခု ဆေးရုံသွားရမယ်။ ငါ့အမေနဲ့အကို ကားအက်ဆီးဒင့် ဖြစ်လို့တဲ့ ။ငါ့အမေ...ငါ့အမေလည်း ဆုံးပြီတဲ့။ "
"အဲ့တာဆိုဆေးရုံသွားရမယ်လေ။လာ ထ ငိုမနေနဲ့။ "
"အမ ကျွန်တော်လူနာ ပတ်ထယ်ဟွန်း ရဲ့ညီပါ။သူနဲ့တွေ့ချင်လို့။ "
"သူက အရေးပေါ်ကုသခန်းမှာပါ။ အဲ့ဒီကိုသွားလိုက်ပါ။ "
"ဟုတ် "
ကျွန်တော်နဲ့ Jakeလဲ အေရးပေါ်ကုသခန်းရှေ့မှာ ထိုင်စောင့်နေလိုက်တယ်။ခနကြာတော့ ဆရာဝန်ကြီးထွက်လာတယ်။
"မင်းတို့ကလူနာရဲ့ မိသားစုတွေလား။ "
"ဟုတ်ကဲ့ ။ ကျွန်တော့်ဟျောင်းပါ "
"စိတ်မကောင်းပါဘူးကွယ်။မင်း ဟျောင်း ဆုံးသွားပြီ။ "
"ဗျာ.......။ "
အခန်းထဲကနေ သူတို့ဟျောင်းကို ပိတ်စအဖြူကြီးခေါင်းထိခြုံပြီး ကုတင်ပေါ်တင်ကာတွန်းလာတယ်။ကျွန်တော် ဟျောင်းမဟုတ်ဘူးဆိုတဲ့ မျှော်လင့်ချက်နဲ့ မျက်နှာကိုဖွင့်ကြည့်လိုက်တယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ ကျွန်တော့်ရဲ့ ဟျောင်းပဲဖြစ်နေတယ်။ကျွန်တော်မယုံနိုင်ဘူး။မနက်ကမှ ကျွန်တော့်နဲ့စနောက်ခဲ့တဲ့ အကိုက ဒီလိုအချိန် ဒီလိုနေရာမှာ ဒီလိုတွေ့ရမယ်လို့ တွေးတောင်မတွေးခဲ့ဘူး။