Part-6

70 14 0
                                    

"ဆောင်းဟွန်းရားးးးးမင်းအော်ဒါထင်တယ် "

"ဟုတ်လား။လာပြီ "

ကျွန်တော်မှာတဲ့အော်ဒါက နောက်တစ်ပါတ်မှရောက်မှာ
လေ။ဘယ်လိုလုပ် အစောကြီးရောက်တာတုန်း။ ထားပါ စောစောပို့တော့လည်း‌ကောင်းတာပေါ့။

ကျွန်တော်လှမ်းကြည့်လိုက်တော့ ဘယ်ကအော်ဒါရမှာလဲ Jakeဖြစ်နေတာကြီးကို။သူဒီနေ့အရမ်းချစ်ဖို့ကောင်းနေပါတယ်။အရင်ကလည်းချစ်ဖို့ကောင်းပါတယ်။ဒါပေမယ့်ဒီနေ့ကပိုပြီးချစ်ဖို့ပိုကောင်းပါတယ်။သူဆောင်းထားတဲ့ Beretဦးထုပ်လေးကြောင့်လည်းပါပါတယ်။

"ဟျောင်းကလည်း အော်ဒါမဟုတ်ပါဘူး။ကျွန်တော့်သူငယ်ချင်းပါဗျ။ "

"အော်.....။ "

"Jakeဒါက ထယ်ဟွန်းဟျောင်းလေ ငါ့အကို‌ပေါ့။ဟျောင်းဒါက Jakeတဲ့ ဘေးအိမ်က အမေ့အိမ်ငှားလေ။ "

"တွေ့ရတာ ဝမ်းသာပါတယ် ဟျောင်း "

"အေးငါရောပဲ ဝမ်းသာပါတယ်။ "

"ဟုတ် "

"မင်းနဲ့Dateမဲ့ တစ်ယောက်မလား "

ဟျောင်းက ကျွန်တော့်ကိုတိုးတိုးလေးပြောတယ်။

"အာ ဟျောင်းကလည်း မဟုတ်ပါဘူးဆို။ လာJakeငါတို့သွားရအောင် "

"အင်း "

ကျွန်တော်တို့ ကားဂိတ်ကိုတူတူလမ်းလျှောက်သွားကြတာပြီး ဘတ်စ်ကားစောင့်နေကြတာပေါ့။

"‌ဆောင်းဟွန်း ခုနကမင်းဟျောင်းကမင်းကို ဘာပြောလိုက်တာလဲ ။မင်းကလည်းဘာကိုရှက်သွားတာတုန်း "

"အာ.....ဟျောင်းက မင်းနဲ့ငါနဲ့ကိုDateကြမယ်လို့ထင်နေတာကွ။ "

"ဪ......အဲ့တာကြောင့်မင်ရှက်သွားတာကိုး။မင်း
ဟျောင်းပြောတာလဲ မှန်တာပဲ။ငါတို့ Dateကြတာပဲလေ။ "

"ဘယ်လိုဘယ်လို။ "

"အေးလေ သူငယ်ချင်း အချင်းချင်းDateကြတာပဲဟာ ဘာဆန်းလဲ။ "

သူငယ်ချင်းတဲ့လားကွာ။အင်းပေါ့ မင်းဘက်ကအဲ့လိုတွေးချင်တွေးနိုင်တာပေါ့။ငါဘက်က သူငယ်ချင်းထက်ပိုတယ်ဆိုတာ မင်းသိအောင်ဖွင့်မပြောခဲ့သင့်ဘူး။

Forget Me Not (Completed)Where stories live. Discover now