Part-9

69 14 0
                                    

"ဆောင်းဟွန်း.....ဆောင်းဟွန်း "

"ဟင် Jake ဘာဖြစ်လို့လဲ။ "

"ငါတို့ကော်ဖီဆိုင်သွားကြမလား။ငါမနက်ဖြန်ငါပြန်တော့မှာဆိုတော့ မပြန်ခင်ကော်ဖီလိုက်တိုက်ချင်လို့မင်းကို။ "

"ဟ ၆နာရီတောင်ထိုးနေပြီ။ဒီလိုလုပ် ငါ့ကိုကော်ဖီလိုက်မတိုက်ပဲနဲ့ မင်းပဲဖျော်တိုက်ပါလား။ "

"ငါ့လက်ရာပဲသောက်ချင်တယ်ပေါ့။ "

"အင်း ဟုတ်တယ် "

"ပြီးရောလေ အဲ့တာဆိုငါ့အိမ်ပဲလိုက်ခဲ့လိုက်တော့။ "

"အင်း "

--------

"လာထိုင် ငါကော်ဖီသွားဖျော်လိုက်ဦးမယ် ခနစောင့်နေ "

"အင်း "

သူ့အိမ်ထဲကိုကျွန်တော်လိုက်သွားလိုက်တယ်။မနက်ဖြန်ဆိုရင်တော့ဒီအိမ်ကသူ့အိမ်မဟုတ်တော့ပါဘူးလေ။

အိမ်ထဲဝင်လိုက်တော့ ပစ္စည်းအလေးတွေ တော်တော်များများမရှိတော့ဘူး။ကျွန်တော်ထိုင်နေတဲ့ ဆိုဖာလေးတစ်လုံးရယ် ဆိုဖာရှေ့က စားပွဲအပုလေးတစ်လုံးပဲရှိတော့တယ်။အကုန်လုံးပြောင်ရှင်းနေတာပဲ။သူဘယ်တုန်းကများရွှေ့လိုက်လဲမသိဘူး။

"ရော့ကော်ဖီ။မင်းတစ်ခွက် ငါတစ်ခွက်ပေါ့ကွာ။ငါ့လက်ရာတောင်ငါမမြည်းဖူးဘူးကွ။အခုငါ့လက်ရာပထမဆုံးသောက်တာ။ "

သူကမ်းပေးလာတဲ့ကော်ဖီခွက်ကို အရင်တစ်ငုံလောက်သောက်‌လိုက်သည်။

"မင်းကော်ဖီကအရမ်းကောင်းတာပဲကွာ။ "

"ဟုတ်တယ်ကွ ငါ့လက်ရာဒီလောက်ကောင်းမှန်းအစ
ကတည်းကသိရင် ကော်ဖီဆိုင်ဖွင့်လိုက်ပါတယ်ကွာ။ "

နှစ်ယောက်လုံးပြိုင်တူရယ်လိုက်ကြပါတယ်။

"အော်ဒါနဲ့ Jake မင်းဘယ်တုန်းက ပစ္စည်းတွေရွှေ့လိုက်တာတုန်း။ငါတောင်မသိလိုက်ပါလား။ "

"ငါရွှေ့ထားတာသိပ်တော့မကြာသေးဘူးကွ မင်းအဲ့တုန်းက မင်းဟျောင်းနဲ့ မင်းအမေရဲ့ ဈာပန ကြောင့်အလုပ်ရှုပ်နေတော့မသိလိုက်တာနေမှာ။ "

Forget Me Not (Completed)Where stories live. Discover now