'ဒေါက် ' 'ဒေါက် ' 'ဒေါက် '
"ရှင်းဂျယ်ယွန်း ခဗျ.....ရှင်းဂျယ်ယွန်း....ကျွန်တော်အိမ်လာရှင်းပေးတာပါ။ "
ကျွီ....(တံခါးဖွင့်တဲ့အသံပါ။)
"ဟင်....Jake!!!....မင်း...မင်းကအိမ်ငှားဖြစ်နေတာလား."
တံခါးလာဖွင့်တဲ့သူကို မြင်တော့အတော် ကျွန်တော်အရမ်းအံဩသွားတယ်။အမေပြောတဲ့ အိမ်လာငှားတဲ့ကောင်လေးဆိုတာ Jakeဖြစ်နေတာလား။
"ဆောင်းဟွန်း...မင်းကအိမ်ရှင်လား?။ "
"အိမ်ရှင်တော့မဟုတ်ပေမယ့် အိမ်ရှင်ရဲ့သားလေ "
"တိုက်ဆိုင်လိုက်တာ ဒါနဲ့ မင်းကဘာလာလုပ်တာလဲ။ "
"အိမ်လာရှင်းပေးတာလေ။ "
"အော် အိမ်ရှင်အန်တီ လွှတ်လိုက်တာလား။ "
"အင်း "
"လာအထဲဝင် "
အိမ်ထဲဝင်လိုက်တော့ပစ္စည်းတွေကနည်းနည်းလေးတွေပေမဲ့အလေးကြီးတွေဆိုတော့ ကျွန်တော်တောင်အပြင်ပြန်ပြီးပြေးထွက်ချင်သွားတယ်။ဒါပေမယ့် အဲ့လိုမလုပ်ရက်ဘူးလေ။
"ပစ္စည်းတွေကအလေးကြီးတွေ ပဲကွာ။ "
"လာ အရင်ဆုံး ရေခဲသတ္တာကြီးကို ရွှေ့ရအောင်။ဘယ်နားရွှေ့ရင်ကောင်းမလဲ။ "
"မီးဖိုချောင်ထဲပဲရွှေ့ကြတာပေါ့။ "
"အင်း "
အဲ့လိုနဲ့ ပစ္စည်းတွေဟိုရွှေ့ ဒီရွှေ့နဲ့ အိမ်ကြီးလည်းပစ္စည်းတွေနေရာတကျဖြစ်သွားတာပေါ့။အဲ့တော့မှပဲခုံပေါ်ထိုင်ကြပြီး အနားယူကြတာပေါ့
"အာ.....ပင်ပန်းလိုက်တာ။မင်းပစ္စည်းတွေကအလေးကြီးတွေ။မင်းဒီကိုအလည်လာတာအဲ့လောက်အလေးကြီးတွေ ယူလာစရာလိုလို့လား "
"ငါလည်းပင်ပန်းတာပါပဲကွာ။"
"မင်းဒီနေ့ကော်ဖီဆိုင်သွားဦးမှာလား။ "
"ဟင့်အင်း မသွားတော့ဘူး။ "
"အဲ့တာဆို ငါလည်းမသွားတော့ဘူး။ "
"အဲ့ဆို ငါ့ဆီမှာပဲကော်ဖီသောက်သွားမလား။ငါဖျော်တိုက်မယ်လေ "