"ဆောင်းဟွန်း...မင်းဒီနေ့ကော်ဖီဆိုင်လာတာစောတယ်နော်။ "
ကျွန်တော်ဒီနေ့အိမ်မှာအားနေလို့စောထွက်လာလိုက်တယ်။ကော်ဖီဆိုင်ရေ က်တော့ Jakeတောင်မရောက်သေးဘူး။
"အင်းဟုတ်တယ် ငါအားနေတာနဲ့ စောထွက်လာတာ ။ "
နေ့တိုင်းနေ့တိုင်ကျွန်တော်တို့ဒီကော်ဖီဆိုင်လေးမှာပဲလာတွေ့ကြတယ်။
___________________ဒီလိုနဲ့ကျွန်တော်တို့ခင်လာတာ 3လပြည့်သွားပြီ။သူ့ကိုခုထိကျွန်တော်ခံစားချက်တွေမပြောရသေးဘူး။တွေ့တာမှ3လပဲရှိသေးတယ်။သူ့ကိုဖွင့်ပြောလိုက်ရင် သူ့ကိုတန်ဖိုးမထားရာရောက်တယ်လေ။အဲ့တာကြောင့် ကျွန့်တော်ခံစားချက်တွေကို လစ်လျူရှုဆဲပေါ့ဗျာ။
"ဆောင်းဟွန်း....မင်းဘာတွေတွေးနေတာတုန်း။ "
"ငါဖတ်နေတဲ့ စာအုပ်အကြောင်းလေးတွေးနေတာပါကွာ။ "
"မင်းကငါ့ကိုသာ ခေါ်မကြားအော်မကြားပြောတာ။မင်းကျဘာထူးလို့လဲ။ "
"ဟားးးဟားးး ဆောရီးကွာ။မင်းဘာပြောလိုက်တာလဲ။ "
"ငါတို့ ခင်လာတာကြာပြီလေ။ဒီဆိုင်မှာပဲတွေ့နေတာကတော့ မဟုတ်သေးဘူးကွ။ ငါတို့ မနက်ဖြန် အပြင်လျှောက်လည်ရအောင်လေ။ "
"အင်း ကောင်းသားပဲ။ "
"မနက်ဖြန် မင်းအိမ်ကစောင့်နေလေ။ငါ၉နာရီလောက်ဝင်ခေါ်မယ်လေနော်။ "
"အင်း "
"မင်းနဲ့လျှောက်လည်ရမှာ ပျော်စရာကြီး။ "
ငါကမင်းထက်ပိုပျော်တာပေါ့ ခွေးပေါက်လေးရဲ့။
"ငါလည်းပျော်တာပါပဲကွာ။ "
ပျော်ယုံတင်ဘယ်ကမလဲ ရင်တွေပါခုန်နေတာကို မင်းကဘယ်သိနိုင်မလဲ။
*******************
" ဆောင်းဟွန်း ...."
"ဗျာ။ "
"ဟျောင်း...မနက်ဖြန်ကျရင် ကုပ္မဏီမှာ ညစာစားပွဲရှိတယ်။ ဆောင်းဟွန်းရောလိုက်ခဲ့ပါလား "
"ကျွန်တော်မလိုက်တော့ဘူး။ "
"ဘာလို့လဲ။မအားဘူးလား။ "