Part-11

87 14 4
                                    

သူပြန်လာတာ တစ်ပတ်တောင်ကျော်နေပြီ။ကျွန်တော်တို့နှစ်ယောက် ဝေးရမယ့်အချိန်လည်းပိုနီးကပ်လာခဲ့ပြီ

အဲ့နေ့က ကျွန်တော်တို့ညဘက် ၈နာရီလောက်ကော်ဖီဆိုင်လာထိုင်ခဲ့ကြတယ်။ကျွန်တော်လည်းသူ့ကို အဲ့နေ့ကဖွင့်ပြောခဲ့တယ်။အချိန်တွေသာပြင်လို့ရမယ်ဆိုရင် ကျွန်တော် သူ့ကိုဖွင့်ပြောခဲ့မှာမဟုတ်ဘူးဒီလိုဆိုရင် အခုထိကျွန်တော်တို့ အတူတူရှိနိုင်ဦးမှာလား......

"Jake......ငါမင်းကိုပြောစရာရှိတယ် "

"အင်း‌ပြောလေ "

"ငါမင်းကို ချစ်တယ် "

"အော်.....ဘာများလဲလို့ ငါလည်းမင်းကိုချစ်ပါတယ်ကွ "

"မဟုတ်ဘူးလေ မင်းထင်သလိုမျိုးမဟုတ်ဘူး "

"သူငယ်ချင်းလိုမျိုးလေ? "

"ဟင့်အင်း ငါမင်းကို သူငယ်ချင်းထက်ပိုတဲ့အချစ်မျိုး၊ချစ်သူကိုချစ်တဲ့အချစ်မျိုးနဲ့ တန်ဖိုးထားပြီးချစ်တာပါ။ငါလေမင်းကိုစစတွေ့ချင်းကတည်းကချစ်ခဲ့မိတာ "

ကျွန်တော်အဲ့လိုပြောလိုက်ရင် သူပျော်သွားမယ် ကျွန်တော့်ကိုလည်း အဖြေပြန်ပေးမယ်ထင်ခဲ့တာ။ဒါပေမယ့် သူက တစ်ခါမှမကြည့်ဖူးတဲ့အကြည့်မျိုး ပြောရရင် ဒေါသထွက်တဲ့အကြည့်မျိုးနဲ့ပြန်ကြည့်ခဲ့တယ်။

"ဘာပြောတယ် မင်းကငါ့ကိုအဲ့လိုကြီးတစ်ချိန်လုံးချစ်ခဲ့တာလား။တစ်ချိန်လုံးမင်းကငါ့ကို.....?။ငါမင်းကိုအဲ့လိုမျိုးတော့မချစ်နိုင်ဘူး။ငါမင်းကို သူငယ်ချင်းတစ်ယောက်လို ချစ်တယ် ခင်တယ်။အဲ့ထက်မပိုနိုင်ဘူး "

ကျွန်တော်ရင်ဘက်ကြီး တစ်စစီကွဲသွားသလိုပါပဲ။တစ်ဆစ်ဆစ်နဲ့ နာကျင်ရတယ်။

"Jake.....ငါ....ငါတောင်းပန်ပါတယ်။မင်းကြိုက်ရင်ငါမပြောတော့ပါဘူး။မင်းပြန်ချစ်မယ့်အချိန်ထိ ငါစောင့်ပေး......။

"မင်းစောင့်စရာမလိုဘူး။ငါ့ဘက်ကဘယ်တော့မှ အဲ့လိုချစ်လာမှာမဟုတ်ဘူး။ငါယောက်ကျားတစ်ယောက်ကို မချစ်နိုင်ဘူး ဆောင်းဟွန်း။မင်းငါ့ကိုထပ်မဆက်သွယ်နဲ့တော့ ငါ့ဆီလည်းမလာနဲ့။မင်းကိုငါ ထပ်မတွေ့ချင်တော့ဘူး။ "

Forget Me Not (Completed)Where stories live. Discover now