(Jake's P.O.V)
ကျွန်တော့်မှာမွေးရာပါ သွေးကင်ဆာရောဂါရှိခဲ့တာပါ ငါးလတစ်ခါ သွေးသွင်းရတယ်။ကျွန်တော့်မိဘတွေလည်းကျွန်တော့်ကြောင့် အမြဲစိတ်ညစ်နေရမှာပဲ။ကျွန်တော်ဆေးရုံအမြဲတမ်း တက်ရတယ်။ကျွန်တော်ကကိုရီးယားမှာမွေးခဲ့ပေမယ့် ဆေးကုပေးဖို့အတွက် ၄နှစ်ကတည်းက ဩစီကိုပြောင်းခဲ့ရတယ်။
တစ်နေ့မှာ ကျွန်တော်တို့မိသားစုဆရာဝန်ဆီသွားခဲ့ကြပြီး ကျွန်တော့်ရောဂါအခြေအနေကိုထပ် သွားစမ်းသပ်ခဲ့ကြတယ်။
"သားက အပြင်မှာသွားစောင့်နေနော်။ဆရာက သားမိဘတွေနဲ့တိုင်ပင်ဆရာရှိလို့ "
"သားလေး အပြင်မှာသွားစောင့်နေနော် အမေတို့ပြီးမှထွက်လာခဲ့မယ်။ "
"ဟင့်အင်း ကျွန်တော့်ကိုပါပြောပါဆရာ "
"သားရယ် အပြင်မှာစောင့်နေပါ "
"ဟင့်အင်း သားရောဂါအကြောင်းသားကိုယ်တိုင်ကြားချင်တယ်။သားကိုပါပြောပြလို့ရပါတယ်ဆရာ "
"ဟုတ်ပြီ မင်းစိတ်ခိုင်ဖို့တော့လိုတယ်။ "
"ရပါတယ် ကျွန်တော်အဆင်ပြေပါတယ် "
"ဟုတ်ပြီလေ မင်းရဲ့ကင်ဆာဆဲလ်တွေက ပိုပိုပြီးပြန့်လားတယ် ဒီတစ်ခေါက်တော့ဘယ်လိုမှ မတတ်နိုင်တော့ဘူး။နောက်ဆုံးအဆင့်ရောက်နေပြီ။ "
"ရှင်....ဆရာရယ် သားကိုကယ်ပါဦး "
"ကျွန်တော်တို့လည်းစိတ်မကောင်းပါဘူး "
ကျွန်တော့်အဖေနဲ့အမေနဲ့ကတော့ ကျွန်တော့်ကိုဖက်ပြီးငိုကြတယ်။ကျွန်တော်ကတော့ မငိုနိုင်တော့ပါဘူး။ကျွန်တော်သိချင်တဲ့ဟာကိုတော့ အားတင်းပြီးမေးလိုက်တော့တယ်
"ဆရာ ကျွန်တော့်မှာ အချိန်ဘယ်လောက်ကျန်သေးလဲ "
"ခန့်မှန်းချက်ကတော့ ၆လကျော်ကျော် 7လ လောက်ရှိမယ်"
"အော် ဟုတ်ကဲ့ ကျေးဇူးပါဆရာ။ အဖေ အမေ သားအိမ်ပြန်ချင်တယ်။ပြန်ကြရအောင် "
"အေးအေး ပြန်ရအောင်သား "
ကျွန်တော် တို့အိမ်ပြန်လာခဲ့ကြတယ်။