(Unicode)
Friendship To Relationship
Part -2
"ခွင်း ငါတို့ သင်္ကြန်ကျရင် မေမေတို့ကို ကမ်းခြေတစ်ခုခု လိုက်ပို့ခိုင်းရအောင်"
"အင်း ဘယ်ကမ်းခြေ သွားကြမလဲ"
"ငပလီ၊ ငပလီသွားချင်တယ်"
"အဲ့တာဆို နင်က ဖေဖေနဲ့မေမေကိုလာပြော၊ ငါက ဖေမောင်နဲ့ မေလွင်ကို လာပြောမယ်"
"အေး အဲ့လိုလုပ်ကြမယ်"
ခွင်းနဲ့ လ ၇တန်းစာမေးပွဲပီးချိန်မို့ ပန်းချီသင်တန်းတက်ကာ သင်တန်းကပေးလိုက်တဲ့ပုံတွေကို လ တို့အိမ် ဧည့်ခန်းမှာ ထိုင်ဆွဲနေကြတာဖြစ်သည်။
"သားရေ လရောင်"
"မေချိုနင့်ကို ခေါ်နေတယ် ခွင်း"
"ဗျာ မေမေ"
"တော်သေးတာပေါ့ သားဘယ်မှ မသွားလို့"
"ဘာဖြစ်လာတာလဲချို အရေးကြီးသုတ်ပြာနဲ့"
မေချို့အသံကြောင့် ဟင်းချက်နေတဲ့ မေမေကထွက်ကာ မေးလာတော့သည်။
"လွင်ရေ မေမေအသည်းသန်ဖြစ်လို့ ဆေးရုံတင်လိုက်ရတယ်တဲ့ အခြေနေမကောင်းဘူးလို့ ဖုန်းဆက်တယ်"
"ဟယ်...ဟုတ်လား၊ ခုဘယ်လိုလုပ်ကြမလဲ ချို"
"ငါတို့လိုက်သွားရမှာ ကိုလင်းရောင်ကိုလဲ ဖုန်းဆက်ထားပီးပီ"
"အေးအေး အဲ့တာဆို ငါပစ္စည်းတွေလိုက်ဝိုင်းသိမ်းပေးမယ်လေ"
လူကြီးနှစ်ယောက်ပြောတာကို ခွင်းနဲ့လ နားမလည်ပဲ နားထောင်နေကြရသည်။ ခဏနေတော့ မေမေရော လ,ပါ ခွင်းတို့အိမ်ဘက် ပစ္စည်းဝိုင်းသိမ်းပေးဖို့ လိုက်လာခဲ့ကြသည်။ ဖေလင်းနဲ့တူတူ ဖေဖေပါ အိမ်ကိုပြန်ရောက်လာပီး ခွင်းတို့အိမ်ဘက် ရောက်လာခဲ့သည်။
"လွင်ရေ ချို့မေမေက အခြေနေမကောင်းဘူးလို့ လင်းရောင်ကို သူ့ယောက္ခထီးက ဖုန်းထပ်ဆက်တယ်၊ အဲ့တာ မနက်သူတို့ လားရှိုးကို ဆင်းရမှာ"
ဦးလွန်းမောင်က မိန်းမဖြစ်သူ မသိသေးဘူးအထင်နှင့် ပြောပြနေသည်။
"ဟုတ်တယ် လွင် ၊ ချို့ဖေဖေကငါတို့ကို သူတို့ဆီအပီးပြောင်းလာခိုင်းတာ"
YOU ARE READING
Friendship To Relationship (Completed)
Romanceမွေးတည်းက တူတူကြီးလာတဲ့ သူတို့နှစ်ယောက်။ အရွယ်ရောက်လာတော့ အချစ်တွေ ပုံစံပြောင်းသွားတဲ့ အခါ